Apr 16, 2010

ဖတ်မိ ကြိုက်မိသောစာ .. "မြေစာပင်နိုင်ငံများ" မြင်းရည်တက်ဦးသာ

မိုးမခ မှ ဆောင်းပါးဖြစ်ပါသည်။ ပေါ်လစီရေးရာတွင် geopolitics အပေါ်နားလည်မှု မပါလျှင်မဖြစ်သည်မို့ အလွန်သေသပ်ပြည့်စုံစွာ နားလည်လွယ်စွာ သုံးသပ်ရေးသားထားသော ဆောင်းပါးကို မူရင်းအတိုင်း ချီးကျူး မှတ်တမ်းပြုကာ စာဖတ်သူများကို ဝေမျှလိုက်ပါသည်။

"မြေစာပင်နိုင်ငံများ" မြင်းရည်တက်ဦးသာ

“ဘာကြောင့်သမိုင်းသင်မှာလဲ”လို့ စာရေးဆရာ မောင်သာရမေးတော့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းက “မအအောင်” လို့ ဖြေတာကို မှတ်သားဖူးပါတယ်။ ၂ဝ၁ဝ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းနှစ်ပါ လို့ လူတိုင်းက ပြောနေကြတယ်။ ဒီလိုကာလမျိုးမှာ သမိုင်းအချက်အလက် အဖြစ်အပျက်တွေထဲက သင်ခန်းစာရယူနိုင်ပြီး လက်ရှိအခြေအနေမှာ ဘာလုပ်သင့်တယ်ဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ပါမှ ပြည်သူလူထုရဲ့ အနာဂတ်ဘဝဟာ သာယာလှပနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ စစ်အေးခေတ် ပုံရိပ်အချို့ကို မိတ်ဆက်ပေးချင်ပါတယ်။
တကယ်လို့များ ‘မျိုးဖြုတ်သုတ်သင်ချေမှုန်းခံရတဲ့ လူမျိုးအခြေပြ နိုင်ငံတကာအညွှန်းကိန်း’ သာရှိမယ်ဆိုရင် လာအိုက မှုန်း(Hmong)လူမျိုးတွေဟာ ရှေ့ဆုံးက တန်းစီဇယားမှာ ဖော်ပြခြင်းခံရမှာပါ။
တရုတ်ပြည်မှာ မူလအခြေချခဲ့ပြီး ယဉ်ကျေးမှုသက်တမ်း နှစ် ၄ဝဝဝ လောက်ရှိခဲ့တဲ့လူမျိုးဖြစ်ပေမယ့် ရာစုနှစ်များစွာ ကြာညောင်းခဲ့တဲ့ စစ်ပွဲတွေ၊ သတ်ဖြတ် ချေမှုန်းမှုတွေကြောင့် မှုန်း(Hmong)တွေဟာ ဝေးကွာလှတဲ့ တောင်တန်းဒေသတွေကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။ သူတို့ နယ်မြေတွေကိုသိမ်းယူပြီး သူတို့ကို လက်အောက်ခံတွေအဖြစ် သွတ်သွင်းတဲ့ တရုတ်တို့ရဲ့အဆက်မပြတ် ကျူးကျော်တိုက်ခိုက်မှုတွေကို တွန်းလှန်ရင်းနဲ့ မှုန်း(Hmong)တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ပွဲတွေကို ရင်ဆိုင်ခဲ့ရတယ်။
တရုတ်တွေဟာ မှုန်း(Hmong)တွေရဲ့ တိုင်းရင်းသား ဘာသာစာပေတွေ အသုံးပြုတာကို သေဒဏ်ပေးနိုင်တဲ့ အပြစ်လို့ သတ်မှတ်ခဲ့ကြတယ်။ သူတို့ကို အုပ်စုငယ်လေးတွေအဖြစ် ခွဲပစ်လိုက်ပြီး သူတို့ကို တံဆိပ်ခပ်ထားနိုင်ဖို့ သတ်မှတ်ထားတဲ့ အဝတ်အစားကိုပဲ ဝတ်ရမယ်လို့ အဓမ္မပြုလုပ်ခဲ့ကြတယ်။ ၁၈ ရာစုနှစ်မှာ မန်ချူးဘုရင်တပါး က မှုန်း(Hmong)ခုခံစစ်ကို ချေမှုန်းနိုင်ဖို့ မျိုးဖြုတ်သုတ်သင်ရေးစစ်ပွဲကို ဆင်နွှဲခဲ့တယ်။
၁၈ ရာစုမှာ တရုတ်တို့ရဲ့သုတ်သင်ချေမှုန်းမှုက လွတ်မြောက်စေဖို့ရာ ယနေ့ ဗီယက်နမ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံလို့ခေါ်နေတဲ့ ဒေသများရှိရာ တောင်ဘက်ပိုင်းကို ထွက်ခွာလာကြရတယ်။ လွတ်လပ်လိုစိတ် အရှိန်ငြီးငြီးတောက်လောင်နေတဲ့ (Hmong)မှုန်းတွေဟာ ဗဟိုအစိုးရတွေရဲ့ ထိန်းကွပ်မှုအောက်က ကင်းလွတ်ပြီး ကြမ်းတမ်းခက်ထန်တဲ့ တောင်တန်းဒေသတွေပေါ်မှာပဲ အထီးကျန် မှုန်းလူ့အဖွဲ့အစည်းတွေကို တည်ထောင်ခဲ့ကြတာပါ။
၁၈ဝဝ ကျော်ခုနှစ်များရဲ့နှောင်းပိုင်းနှစ်တွေမှာ အင်ဒိုချိုင်းနားကို ပြင်သစ်တွေရောက်လာတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့မှာ ကိုလိုနီစနစ် ထူထောင်လိုက်တယ်။ မှုန်း(Hmong)တွေက နယ်ချဲ့ပြင်သစ်တွေကို ရှေးဦး တော်လှန်သူတွေထဲမှာ ရှေ့ဆုံးကပါခဲ့တာပေါ့။
ကယ်တင်ရှင်အဖြစ် မှော်အတတ်ပညာတွေကို တတ်ကျွမ်းတယ်လို့ မှုန်း(Hmong)လူထုက ယုံကြည် ကိုးစားခံရတဲ့ Pa Chny ဆိုသူက လေး၊ မြား၊ ကျောက်မီးသေနတ်နဲ့ အိမ်လုပ်သေနတ်တွေသုံးပြီး ကျူးကျော်သူတွေကို တော်လှန်ခဲ့တဲ့ သည် ၄ နှစ်ကြာ တော်လှန်စစ်ဟာ ဗီယက်နမ်နဲ့ လာအိုအထိ ပြန့်နှံ့သွားခဲ့ပါတယ်။
၁၉၁၂ ခုနှစ်မှာ ပြင်သစ်တို့က နောက်ဆုံးအောင်ပွဲရလိုက်ပေမယ့် သည်စစ်ပွဲကို စံပြုလောက်တဲ့ ပြောက်ကျားစစ်ပွဲအဖြစ် အသိအမှတ်ပြုရပါတယ်။ နောက်တကြိမ် ဒေသတွင်းမှာ စစ်ပွဲဖြစ်လာတော့ (Hmong)တွေကို ချက်ချင်းစုစည်းပြီး သူတို့ဘက်က ပါဝင်တိုက်ခိုက်ဖို့ စီစဉ်ရတဲ့အထိ ပြင်သစ်တွေက မှုန်း(Hmong)တွေရဲ့ စစ်သွေးစစ်ရည်အပေါ် အထင်ကြီးလေးစားခဲ့ရတာပါ။
ဒုတိယကမ္ဘာစစ်ရဲ့နောက်ပိုင်း ပြင်သစ်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဂျပန်လက်က အင်ဒိုချိုင်းနားကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေစလာတဲ့အခါမှာ ပြင်သစ်ကွန်မန်ဒိုတပ်ဖွဲ့တွေက လာအိုကုန်းပြင်မြင့်မှာနေနေတဲ့ (Hmong)မှုန်းတွေကို သူတို့ စစ်တပ်ထဲမှာ သွတ်သွင်းပါတော့တယ်။ လမ်းပြတွေ၊ သတင်းပေးသူတွေ၊ စကားပြန်တွေ၊ အထမ်းသမားတွေ၊ ပြောက်ကျား တပ်ဖွဲ့ဝင်တွေအနေနဲ့ စုစည်းခဲ့တာပါ။
နောက်ဆုံးပေါ်လက်နက်တွေ၊ ခေတ်မီနည်းပညာတွေနဲ့အတူ (Hmong)မှုန်းတွေဟာ ကျောက်ခေတ် အခြေအနေကနေ ပိုမိုခက်ထန်ကြမ်းတမ်းတဲ့ ကမ္ဘာလုံးဆိုင်ရာစစ်ပွဲနဲ့ မဟာအင်အားကြီးနိုင်ငံတို့ရဲ့ နိုင်ငံရေး တိုက်ပွဲအဆင့်ထဲကို ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ၂ဝ ရာစုခုနှစ် စစ်ပွဲရဲ့ မဟာဗျူဟာမြောက် အရေးပါဆုံးဒေသတွေထဲက ဒေသတခုမှာနေထိုင်ခဲ့ကြရတာမို့ ဒီကနေ့မှာ အဲဒီအကျိုးဆက်များကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ဂျပန်ဆန့်ကျင်ရေးစစ်ပွဲတွေမှာ ထူးထူးခြားခြား အောင်မြင်ခဲ့တာကြောင့် ၁၉၄၆ ခုနှစ်ကနေ ၁၉၅၄ ခုနှစ်အထိ ဗီယက်နမ်ကွန်မြူနစ်တွေကို တိုက်ခိုက်ခဲ့တဲ့ ၇ နှစ်ကြာစစ်ပွဲများမှာ (Hmong)မှုန်းတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ရပြန်ပါတယ်။ ဗီယက်နမ်ကွန်မြူနစ်တွေက လာအိုမြောက်ပိုင်းကို ရယူဖို့ကြိုးစားလာတော့ ပြင်သစ်တွေက (Hmong) မှုန်းပျောက်ကြားစစ်တပ်ရဲ့ အမာခံကြောရိုးကို ဖွဲ့စည်းခဲ့တယ်။
မှုန်း(Hmong)တွေဟာ စစ်သေနင်္ဂဗျူဟာမှာ အထူးကျွမ်းကျင်သူတွေဖြစ်တယ်။ ၁၉၅၄ ခုနှစ် ဒိန်ဗင်ဗူးမြို့မှာ ပြင်သစ်စစ်သား ၁၄,ဝဝဝ ပိတ်မိနေပြီး ဗီယက်နမ်တပ်သား (၅ဝ,ဝဝဝ)က ဝိုင်းထားချိန်မှာ (Hmong)မှုန်းတွေက ပြင်သစ်တွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ဖူးတယ်။
အင်အား ၂,ဝဝဝ ရှိတဲ့ (Hmong)တပ်ဖွဲ့က ရက်ပေါင်း ၂ဝ ကြာ ခရီးပြင်းချီတက်သွားပေမယ့် သူတို့မရောက်ခင် ဒိန်ဗင်ဗူးက ဗီယက်နမ်တွေ လက်ထဲကျသွားတာမို့ အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတယ်။ ချီတက်သွားတဲ့ သူတို့အားလုံးလိုလိုလောက်လည်း ဗီယက်နမ်တွေရဲ့ အကျဉ်းသားဖြစ်ခဲ့ရတယ်။
ဒိန်ဗင်ဗူးကျသွားတာဟာ အင်ဒိုချိုင်းနားမှာ ပြင်သစ်ကိုလိုနီစနစ် အဆုံးသတ်သွားတာဖြစ်တာကြောင့် ပြင်သစ်တွေ ထွက်သွားပေမယ့်လည်း အမေရိကန်တွေက ဝင်လာခဲ့ပါတယ်။ မှုန်း(Hmong)တွေကတော့ သည်စစ်ပွဲထဲကို နောက်တကြိမ် ထိုးသွင်းတာခံရပြန်တာပါပဲ။
ဒါကလည်း သူတို့နေတဲ့နေရာက မဟာဗျူဟာမြောက်ဒေသဖြစ်နေတာရယ်၊ တောင်တန်းဒေသတွေမှာ ပြောက်ကျားစစ်ပွဲကို ကောင်းကောင်းတတ်ကျွမ်းတဲ့ သူတို့ရဲ့ အရည်အသွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေလိုပဲ အမေရိကန်တွေက ဗီယက်နမ်တွေကို ပြန်တိုက်ထုတ်ဖို့ (Hmong)မှုန်းတွေကို အသုံးချပါတော့တယ်။ အလားတူပဲ ဗီယက်နမ် ကျောထောက်နောက်ခံပြုထားတဲ့ ပသက် လာအိုတွေရဲ့ ကွန်မြူနစ်စစ်ရေး ပုန်ကန်မှုတွေကလည်း ကြီးထွားလာပါတယ်။
၁၉၅ဝ ကျော်ခုနှစ်များရဲ့ နှောင်းပိုင်းကာလများမှာတော့ လာအိုဟာ စစ်အေးစစ်ပွဲ၏ အပြင်းအထန်ဆုံး ရှေ့တန်း ဒေသဖြစ်လာတယ်။ အမေရိကန်စစ်ရေးကျွမ်းကျင်သူတွေက ကွန်မြူနစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ဒေသခံတိုင်းရင်းသားတပ်ဖွဲ့တွေကို သင်တန်းတွေပေးတယ်။ စစ်ဆင်ရေးတွေမှာ တိတ်တိတ်ပုန်း ပါဝင်လာတယ်။
ဆိုဗီယက်ယူနီယံနဲ့ တရုတ်ကလည်း ဗီယက်နမ်တောင်ပိုင်းမှာရှိတဲ့ သူတို့တပ်တွေကို ထောက်ပံ့ကူညီဖို့၊ စစ်ကူတွေစေလွှတ်ဖို့ လမ်းကြောင်းတွေရှာဖွေနေတဲ့ မြောက်ဗီယက်နမ်နဲ့ လာအိုကွန်မြူနစ်တွေကို အကူအညီ ပေးတယ်။ အားလုံးသိကြတဲ့အတိုင်း ၁၂,၅ဝဝ မိုင်နီးပါးရှည်တဲ့ ဟိုချီမင်းလမ်းကြောင်းဟာ လာအိုမြေပြင်ပေါ်မှာ ရှိတာပါ။ ဒီနယ်မြေတွေကို ပသက် လာအိုတွေက ထိန်းချုပ်ထားတာပါ။
သည်ကွန်မြူနစ်တွေရဲ့နယ်မြေကျယ်ပြန့်လာတာကို ထိန်းချုပ်ဖို့ရာ အမေရိကန်ပြည်ထောင်စုက မှုန်း(Hmong) တောင်ပေါ်သားလူမျိုးတွေ အများစုပါဝင်တဲ့ ပြောက်ကျားတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားဖို့ရည်ရွယ်ပြီး CIA က သည်တပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပါတယ်။
သည်လျှို့ဝှက်ပြောက်ကျားတပ်ဖွဲ့ဟာ ရာပေါင်းအနည်းငယ်မျှ အင်အားရှိရာကနေ စစ်သား ၄ဝ,ဝဝဝ ခန့် ရှိလာပြီး ကိုယ်ပိုင်လေတပ်ပါရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့အဖြစ်ကို ကြီးထွားခဲ့ပါတယ်။ သူတို့ ခေါင်းဆောင်ကတော့ Gen Vang Pao ဖြစ်ပြီး (Hmong)မှုန်းတွေရဲ့ ချစ်ခင်လေးစားမှုကို ရယူထားနိုင်သူ ဖြစ်ပါတယ်။
၁၉၆၂ အထိ လာအိုမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုတွေကို ထောက်ပံ့တဲ့ အမေရိကန်အကူအညီ အများစုဟာ Vang Pao နဲ့ သူ့ပြောက်ကျားတပ်ဖွဲ့ကို တိုက်ရိုက်ပေးကမ်းခဲ့တာဖြစ်ပါတယ်။ နောက် ၁ဝ နှစ်ကြာတဲ့အထိ Gen Vang Pao ရဲ့စစ်တပ်အတွက် US$ 20 Billion သုံးစွဲခဲ့တာဖြစ်ပြီး CIA ရဲ့သမိုင်းမှာ အကြီးမားဆုံးလုပ်ငန်းတခု ဖြစ်ပါတယ်။
သူတို့ရဲ့ အဓိကတာဝန်ကတော့ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းဖို့၊ ပစ်ချခံရတဲ့ အမေရိကန် ယာဉ်မှူးတွေကို ကယ်တင်ဖို့နဲ့ မြောက်ဗီယက်နမ်နဲ့ မြောက်ပိုင်းလာအိုမှာရှိတဲ့ ကွန်မြူနစ်တွေကို ရာသီမရွေး ဗုံးကြဲနိုင်ဖို့ လေကြောင်းတပ်စခန်းတွေကို အကာအကွယ်ပေးဖို့ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်လည်း ပသက်လာအိုနဲ့ ဗီယက်နမ်တပ်တွေကိုလည်း တိုက်ပွဲဆင်ရပါသေးတယ်။ အမေရိကန်တွေကို သည်လိုကူညီခဲ့တဲ့အတွက် (Hmong)မှုန်းစစ်သား ၁၇,ဝဝဝ စစ်ပွဲမှာ ကျဆုံးခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ ရောဂါဘယနဲ့အငတ်ဘေးဒဏ်ကြောင့် ပြည်သူလူထု ၅ဝ,ဝဝဝ ကျော် သေဆုံးခဲ့ရပါတယ်။ ပိုမိုဝေးကွာလှတဲ့ တောင်ကုန်းမြင့်များဆီ ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ Xieng Khouang နယ်မှာရှိတဲ့ (Hmong)မှုန်း အားလုံးလိုလိုဟာ စစ်ပွဲအတွင်းမှာ တနည်းမဟုတ်တနည်းနဲ့ ဒုက္ခသည်ဘဝ ရောက်ခဲ့ရပါတယ်။ စစ်ကြောင့် မထိခိုက်ဘဲကျန်ခဲ့တဲ့သူဆိုလို့ ဘယ်သူမှမရှိပါဘူး။
၁၉၇ဝ ကျော်ခုနှစ်တွေမှာတော့ အမေရိကန်ကူညီထောက်ပံ့နေမှုဟာ တဖြည်းဖြည်း ကျဆင်းလာပါတော့တယ်။ (Hmong)မှုန်းတွေကို သူတို့အတွက် သူတို့ကာကွယ်ဖို့ပဲ ထားခဲ့ပါတော့တယ်။ ဒါက ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စပါ။ ၁၉၇၅ ခုနှစ်လောက်မှာတော့ အကြီးအကျယ် ရှုံးနိမ့်မှုကိုရင်ဆိုင်ရပြီ။ Gen Vang Pao ဟာ သူ့စစ်တပ်ကို ဖျက်သိမ်းလိုက်ရပါ တယ်။ သူ့လူ ၅,ဝဝဝ နဲ့ ထိုင်းနိုင်ငံကို ထွက်ပြေးရပါတယ်။
သူထွက်မပြေးခင် ရက်ပိုင်းအလိုမှာ ပသက် လာအို သတင်းစာတစောင်က (Hmong) မှုန်းလူမျိုးတွေကို အမြစ်ပြတ်သုတ်သင်ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတယ်။ နောက်ဆယ်စုနှစ် ၃ စု ကျော်လာတဲ့အချိန်ထိတောင် လာအိုအစိုးရက သူ့ကတိကဝတ်တွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲပါ။
လာအိုမှာ ၁၉၇၅ ခု ကွန်မြူနစ်တွေ အာဏာရလာပြီးနောက်ပိုင်းမှာတော့ (Hmong)မှုန်းလူမျိုး ထောင်ပေါင်းများစွာကို အကျဉ်းစခန်းအသီးသီးမှာ ဖမ်းဆီးထားပါတယ်။ ထောင်ပေါင်းများစွာကလည်း အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံကြတယ်။ တချို့ကလည်း တောတောင်ထူထပ်ရာဒေသတွေကို ထွက်ပြေးကြပြီး လက်နက်ကိုင်တိုက်ပွဲ ဆက်လက်ဆင်နွှဲကြတယ်။
အမှန်တော့ တောထဲထွက်ပြေးပြီး လက်နက်ကိုင်တိုက်ပွဲဆက်တိုက်နေသူတွေက တနေ့နေ့မှာတော့ အမေရိကန်တွေဟာ ကျိန်းသေပြန်ရောက်လာပြီး သူတို့ကိုကူညီလိမ့်မယ်လို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲသည်အချိန်တုန်းက မိသားစုများ အပါအဝင် လူပေါင်း ၇၈,ဝဝဝ လောက် (အဲသည်ထဲမှာ လူ ၁၅,ဝဝဝ လောက်က လက်နက်ကိုင်နိုင်တယ်) အမေရိကန်ကူညီလိမ့်ဦးမယ်လို့ ယူဆချက်နဲ့ လက်နက်ကိုင်တော်လှန်ရေး ကို ဆက်လုပ်ခဲ့ကြတယ်။
အခု နှစ်ပေါင်း ၃ဝ ကျော် ၄ဝ နီးပါးကြာတော့ အမေရိကန်တွေ ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူးဆိုတာ သူတို့သိကြပါပြီ။ နောက်ဆုံးတော့ ကွန်မြူနစ်တွေကို သူတို့အရှုံးပေးလိုက်ရပြီဖြစ်တယ်။
ဒါပေမယ့် သူတို့မှာ အခြားရွေးစရာလမ်းမရှိပါ။ ထိုင်းနိုင်ငံဘက်ကိုလည်း ကူးလို့မရ။ ကွန်မြူနစ်တွေရဲ့ အကျဉ်းစခန်းတွေထဲမှာလည်း မနေနိုင်။ ဒါ့ကြောင့် ကမ္ဘာဦးလူသားဘဝကို ပြန်ရောက်ရင်း တောထဲ တောင်ထဲမှာပဲ အငတ်ငတ်အပြတ်ပြတ်နဲ့ ရောဂါအမျိုးမျိုး ဒဏ်ခံပြီးနေနေရပါတယ်။
ယခုအချိန်ထိ (Hmong)မှုန်းလူမျိုး ၁ဝဝ,ဝဝဝ လောက် လာအိုကနေ ထိုင်းနိုင်ငံကို ထွက်ပြေးကြပြီလို့ ဆိုတယ်။ လူသောင်းပေါင်းများစွာကလည်း ၁၉၇၅ ကနေ ၁၉၈ဝ ခုနှစ်အတွင်းမှာ သေဆုံးကုန်ပြီလို့ တရားမဝင် စာရင်းဇယားများအရ သိရတယ်။ အခြား မှုန်းလူမျိုး ၂,ဝဝဝ လောက်ကတော့ ပသက် လာအို ထိမ်းသိမ်းရေး စခန်းတွေမှာ ရှိနေဆဲပဲ။
၁၉၈ဝ ကျော်ခုနှစ်များမှာတော့ ပြင်ပအကူအညီ အနည်းအပါးပဲရတာကြောင့် မှုန်းခုခံရေးစစ်ပွဲဟာရှိတယ်လို့ ဆိုရုံလေးပါပဲ။ အမေရိကားမှာတော့ (Hmong Community)ဟာ လူ ၁ဝဝ,ဝဝဝ လောက် ရှိနေပါပြီ။ လာအိုအစိုးရကို ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်တော့ပေမယ့် ထို မှုန်းခုခံရေးအုပ်စုတွေကတော့ တတ်နိုင်သ၍ တိုက်ပွဲဝင်နေဆဲပါ။
ဒါပေမယ့် စစ်အေးခေတ်အပြီး ယိုးဒယားလိုနိုင်ငံရဲ့အစိုးရတွေက အင်ဒိုနီးရှားကို စစ်ပွဲဒေသအဖြစ်ထက် အရောင်းအဝယ်ဒေသအဖြစ် ပြောင်းလဲကျင့်သုံးလာတာကြောင့် အကူအညီပေးမှုတွေက တဖြည်းဖြည်း လျော့ကျလာတာမို့ (Hmong)ခုခံစစ်ဟာ ရပ်တည်နိုင်ရေးအဆင့်ထက် မပိုတော့ပါဘူး။ ၂ဝဝ၄ ခုနှစ် ဧပြီလအထိ (Hmong)မှုန်းလူမျိုး ၁၇,၆၆၉ ဦး တောထဲတောင်ထဲမှာ ရှိနေကြပါသေးတယ်။ ၂ဝဝ၇ အကုန်လောက်မှာတော့ ၄,ဝဝဝ လောက်ပဲ ကျန်ပါတော့တယ်။ တချို့က လက်နက်ချပြီး တချို့က ထိုင်းနိုင်ငံကို ထွက်ပြေးကြတာပါ။
(Hmong)မှုန်းလူမျိုးစုတွေအဖို့ နောက်ဆုံး သစ္စာဖောက်ခံရတာတချက်ကတော့ ၂ဝဝ၇ ဇွန်လအတွင်းက ဖြစ်ပါတယ်။ Gen Vang Pao နဲ့ သူ့လက်ထောက် ၁ဝ ယောက်လောက်ဟာ ကယ်လီဖိုးနီးယားမှာ အဖမ်းခံရတယ်။ ဒေါ်လာ ၉.၈ သန်းဖိုးတန်တဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်တွေဝယ်ယူပြီး လာအိုအစိုးရကို ဖယ်ရှားဖို့ ကြိုးပမ်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါ။ သူ့မှာ အပြစ်ရှိကြောင်းတွေ့ရှိရရင် Gen Vang Pao ဟာ တသက်တကျွန်းကျခံရမှာ ဖြစ်ပါတယ်။ (Hmong) မှုန်းလူမျိုးစုတွေအဖို့ ဘယ်လောက် ခါးသီးနာကျည်းဖွယ်ရာ ကောင်းတဲ့ အတွေ့အကြုံပါလဲ။
၂ဝ၁ဝ ခု ဖေဖော်ဝါရီလ ၁ဝ ရက်ထုတ် Nation သတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ (Hmong)မှုန်းဒုက္ခသည်တွေကို လာအိုနိုင်ငံကို ပြန်ပို့တဲ့ကိစ္စအပေါ် ဝေဖန်ထောက်ပြထားတာ တွေ့ရတယ်။ ဟိုတုန်းက ဘယ်လောက်ပဲ ရန်ညှိုး ရန်စတွေရှိရှိ အခုချိန်မှာတော့ ဒါတွေကိုသင်ပုန်းချေပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို လာအိုကွန်မြူနစ်အစိုးရက လုပ်ပါ့မလားဆိုတဲ့အပေါ်လည်း မေးခွန်းထုတ်စရာပါ။
ဗီယက်နမ်စစ်အပြီးမှာ (Hmong)လူမျိုးစုတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့သစ္စာဖောက်ခံ ဒါမှမဟုတ် မေ့ပစ်ခံရတဲ့ တခုတည်းသောလူမျိုးစုတော့ မဟုတ်တော့ပါဘူး။ ၁၉၆ဝ ခုနှစ်ကျော်နှစ်များက (Hmong) လူမျိုးစုတွေကို လာအိုစစ်ပွဲထဲဆွဲသွင်းခဲ့တဲ့အချိန်နဲ့ တချိန်တည်းမှာလိုပဲ CIA ဟာ တောင်ဗီယက်နမ်ရဲ့ ကုန်းမြင့်ဒေသတွေက တောင်ပေါ်ဒေသလူမျိုးများကို ဗီယက်နမ်ကွန်မြူနစ်တွေရဲ့ ထိမ်းချုပ်မှုကိုဟန့်တားဖို့ စစ်ပွဲအတွင်း ဆွဲသွင်းခဲ့ပါသေးတယ်။ (ဒါကို နောက်အပတ်မှာ အကျယ်ရေးပါမယ်)
စစ်အေးခေတ်ရဲ့အခြားဘက်တဖက်မှာ ဖြစ်ပျက်ခဲ့တာကိုလည်း တင်ပြရပါမယ်။ သိကြတဲ့အတိုင်း စစ်အေးခေတ် အင်ဒိုချိုင်းနားစစ်ပွဲဆိုတာ ပြင်သစ်တွေဆုတ်သွားရပြီးနောက်ပိုင်း အမေရိကန်နဲ့ မဟာမိတ်တွေနဲ့ အင်ဒိုချိုင်းနား ၃ နိုင်ငံမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးအင်အားစုတွေကတဖက်၊ တရုတ်၊ ရုရှားက အကြီးအကျယ် ကူညီထောက်ပံ့ထားတဲ့ ကွန်မြူနစ်အင်အားစုတွေကတဖက် ဖြစ်ခဲ့တဲ့စစ်ပွဲပါ။
စစ်အေးခေတ်ရဲ့နိုင်ငံရေးအကြပ်အတည်းကို အမြင့်မားဆုံးစစ်ပွဲ အသွင်သဏ္ဍာန်နဲ့ ဖြေရှင်းမှုရဲ့ နမိတ်ပုံရိပ် ဆိုရင်လည်း မမှားပါ။
စာလေးသွားမှာစိုးလို့ အတိုချုပ်ပြောရအောင်။ ၁၉၇၅ ဧပြီလ ၁၇ ရက်နေ့မှာ ကွန်မြူနစ်ခမာနီတွေ ကမ်ပူးချားမှာ အာဏာရတယ်။ ၁၉၇၈ ခု ဧပြီလ ၃ဝ ရက်နေ့မှာ ဗီယက်နမ်စစ်ပွဲပြီးသွားလို့ ဗီယက်နမ် ကွန်မြူနစ်တွေ အောင်ပွဲရတယ်။ ၁၉၇၈ ဒီဇင်ဘာလ ၂၅ ရက်မှာတော့ ဗီယက်နမ်စစ်တပ်က နယ်စပ်ကို ဖြတ်ကျော်ပြီး ရက်ပေါင်း ၂ဝ အတွင်းမှာ ကမ်ပူးချားမြို့တော် ဖနွမ်းပင်ကို သိမ်းလိုက်တယ်။ သိပ်မကြာပါဘူး၊ ၁၉၇၉ ဖေဖော်ဝါရီလမှာတော့ တရုတ် ကွန်မြူနစ်တပ်တွေက နယ်စပ်ကိုဖြတ်ကျော်ပြီး ဗီယက်နမ်ကို ဝင်တိုက်တယ်။ ကွန်မြူနစ်တွေ အချင်းချင်းဖြစ်တဲ့ စစ်ပွဲဆိုလည်း မမှားပါ။
ဗီယက်နမ်တွေဝင်သိမ်းလို့ ထိုင်းနယ်စပ်ကိုဆုတ်ခွာသွားရတဲ့ ခမာနီတွေကို ထိုင်းအစိုးရက ခိုလှုံရာနေရာတွေ ပေးထားတယ်။ အမေရိကန်ကလည်း ထိုင်းကနေတဆင့် ကူညီတယ်။ တရုတ်ကတော့ ထိုင်းပင်လယ်ကွေ့ထဲက ထိုင်းဆိပ်ကမ်းမြို့တွေကတဆင့် သူ့လက်နက်တွေကို ခမာနီတွေရှိနေတဲ့ ထိုင်း-ကမ်ပူးချား နယ်စပ်ကို ပို့ပေးပါတယ်။
သည်လို တရုတ်လက်နက်တွေကို ထိုင်းနယ်မြေကိုဖြတ်ကျော်ပြီး ခမာနီတွေဆီပို့ပေးဖို့ ခွင့်ပြုပေးရလို့ ထိုင်းနိုင်ငံကရတဲ့ အကျိုးအမြတ်ကတော့ ထိုင်းကွန်မြူနစ်ပါတီကို တရုတ်ကဆက်ပြီး ရုပ်ဝတ္ထုပစ္စည်း အကူအညီ မပေးတော့ပါဘူးဆိုတဲ့ ကတိကဝတ်ပါပဲ။ ၁၉၈၉ ခုမှာ ဗီယက်နမ်တွေ ကမ်ပူးချားက ဆုတ်ခွာတော့ ဆယ်နှစ်တာ ကမ်ပူးချားစစ်ပွဲမှာ ပေးလိုက်ရတဲ့ဆုံးရှုံးမှုက ဗီယက်နမ်စစ်သား ၅၂,ဝဝဝ ကျဆုံးပြီး ၂ဝဝ,ဝဝဝ ကျော် ဒဏ်ရာရခဲ့တာပါပဲ။ ကမ်ပူးချားပြည်သူတွေ ဘယ်လောက် သေကြေမယ်ဆိုတာ စဉ်းစားကြည့်ပေတော့။
သည်အဖြစ်အပျက်တွေဟာ အနီးခေတ် အရှေ့တောင်အာရှမှာဖြစ်ပျက်ခဲ့တဲ့ စစ်အေးတိုက်ပွဲရဲ့မှေးမှေးမှိန်မှိန် ပုံရိပ်တချို့ပါ။ ဆိုးတာက ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ဖြစ်ခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ လူ့အဖွဲ့အစည်းတွေရဲ့ ရင်နာဖွယ်၊ ကြေကွဲဖွယ်၊ နာကျည်းဖွယ်အဖြစ်ပါ။ ကျွဲတွေကတော့ သူ့အလုပ် သူလုပ်တာပါပဲ။ မြေဇာပင်ဆိုတာ ရှိတယ်တောင် မအောက်မေ့ကြပါဘူး။
သည်လိုပဲ မဟာအင်အားကြီးနိုင်ငံတွေကလည်း သူ့အကျိုးစီးပွားအတွက် သူ့ပေါ်လစီအတွက် နိုင်ငံငယ်လေးတွေကို အသုံးချနေတာပါ။ “မွှေးတုန်းတော့ဖြင့် ပန်ချင်ပြန်တယ်၊ နံရင် ပစ်ပယ်” ဆိုသလို သူတို့အကျိုးစီးပွားတည့်တုန်းတော့ ပွဲထုတ်ပါလိမ့်မယ်။ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတော့ဘူး ဆိုရင်တော့ မိတ်ဆွေဟောင်းတွေကိုလည်း ပြောင်သစ္စာဖောက်ဖို့ ဝန်မလေးပါ။ မစားရဝခမန်း စကားအလှတန်ဆာဆင် ပြောနေပေမယ့် လက်တွေ့မှာ သူတို့အကျိုးစီးပွားပါပဲ။ ဒါကလည်း မဆန်းပါဘူး။ နိုင်ငံရေးမှာ ဆိုရိုးတခုရှိတယ် မဟုတ်လား။ “ထာဝရ မိတ်ဆွေ မရှိ၊ ထာဝရရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားပဲရှိတယ်” လို့။
တချို့က ဝေဖန်မယ်။ စစ်အေးခေတ်ကုန်သွားပြီ။ နိုင်ငံတကာအကျိုးစီးပွားတွေက တခုနဲ့တခု ဆက်စပ်နေကြပြီ။ စစ်အေးခေတ်ကလို အဖြစ်အပျက်တွေ မဖြစ်နိုင်တော့ပါဘူးလို့။ မှန်ပါတယ်။ ထပ်တူထပ်မျှ တူတာတွေတော့ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ဘယ်နိုင်ငံမှ သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ကိစ္စတွေကို စိတ်ခံစားမှု အခြေခံတွေပေါ် မူတည်ပြီး မလုပ်ဘူး။ ရှုံးမဲ့မြင်းကို မလောင်းဘူး။ အားမရှိတဲ့သူကို မလေးစားဘူး။ သနားတာလောက်တော့ ရှိမှာပေါ့။
ဒါ့ကြောင့် အဖြစ်အပျက်တွေဟာ ပုံသဏ္ဍာန်အရ ပြောင်းချင်ပြောင်းမယ်။ အနှစ်သာရအရကတော့ သည်လို အဖြစ်အပျက်တွေဟာ ပုံစံတမျိုးနဲ့ဖြစ်လာနိုင်တဲ့ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုတွေရှိနေဆဲပါ။ သူတို့နိုင်ငံကြီးတွေရဲ့ မဟာဗျူဟာကစားကွက်ထဲ မရောက်ဖို့ လိုပါတယ်။ မြန်မာပြည်ဟာ မြေဇာပင်နိုင်ငံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဒါဖြင့် ဘာလုပ်ကြမလဲ၊။
အမှီအခိုကင်းရေး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ ပြည်သူလူထုနဲ့အတူရှိနေရေး၊ ခေတ်နဲ့အညီ ပြောင်းလဲနေမှုတွေအပေါ် မျက်ခြည်မပြတ်ရေး၊ တီထွင်ဆန်းသစ်ရေး၊ မျိုးဆက်သစ်လူငယ်တွေကို လေ့ကျင့် ပျိုးထောင်ရေး၊ ညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့ စကားအလှတန်ဆာတွေကို လက်တွေ့ လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ပါမှ ကျနော်တို့နိုင်ငံကြုံတွေ့ရမဲ့ ခြိမ်းခြောက်မှုတွေ၊ ထောင်ချောက်တွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
အဓိက ကတော့ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်နဲ့ အမျိုးသားညီညွတ်ရေးအပေါ်အခြေခံပြီး လူထုအကျိုး သည်ပိုးနိုင်ကြဖို့ပါ။ သည်လို လုပ်နိုင်ဖို့ဆိုတာလည်း အနာဂတ်ခေါင်းဆောင်သစ်တွေရဲ့ အမြော်အမြင်ပေါ် မူတည်နေပါတယ်။ သူတို့လေးတွေရဲ့ အမြော်အမြင်ကလည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို သူတို့ ဘယ်လိုပုံစံနဲ့ အသုံးချမယ်။ ဘယ်နည်းဘယ်ပုံ ဆက်စပ်သွားမယ်ဆိုတဲ့ အသိညဏ်အပေါ်မှာ မှီတည်နေတယ်ထင်လို့ သည်စာကို ရေးပါတယ်။

မြင်းရည်တက်ဦးသာ
ကိုးကား
1. Conflict (Nelsen Rand)
2. From Ladle to Exile (Bui Tin)
3. Nation Feb 10, 2010.

မှတ်ချက်။ ။ မိုးမခမှ ဆောင်းပါးဖြစ်ပါသည်။

Mar 27, 2010

We, the In-Gwan-Ja-Wa ?

Today I heard a story from my lovely African friend about a public well known educated man, who, after raping a HIV positive girl, saying “It’s ok, I took a shower afterward.” :) She questioned whether education makes a person wise enough not to do the things that should not be done.
There are so many points we can critique about that case such as; the quality, level and depth of the education that man got but those are not my points today. My point is that her question provoked my once thinking of “what is the purpose of Education?”

Once in another class, when professor was asking whether education will make people think rationally, I said that when people are more educated, their thoughts will become more or less similar toward betterment of the mass public. My argument was confronted with several counter arguments by some of the class mates including the professor self. They simply argued, “You can’t say that because education can’t always make a person think more rationally.” It is true, and because I know it is true, I was honestly so frustrated then.

But afterward, when I asked what the word “education” meant, the answer turned out to be the years of schooling and achievements on any subject. Then, I instantly knew we have different definitions of “education.” And I instantly remembered my grand father once remarked, “No use of getting so much education, you’re going to be a servant of others.” Of course, we defended that idea then and I am even here continuing my educational journey. What is all about my education, my school years, to serve others? Wait a minute, I still have my defenses.

First of all, before I show my defense statements, I will have to confirm some of my pre-assumptions about being a servant of others;
I believe, serving others means helping broader people for development (for me at least), sharing thoughts and idea, contribution own expertise for betterment of the society(s). Moreover, it is a merit what an educated person can do while he or she is earning for own life.
So I defended my grand father with the idea of “the money the educated person earns is the same value that a business man does. We are getting what we sown.”

Moreover, the definition of education for me does not end there as it is definitely not only to earn money. I grew up with pro-educational support that the more a person is educated, the more she or he should become wise about life, realizing own nature and the world’s. Education on any subject or any skill when you think enough will provide you the data and information, from which you build own intelligence and develop your own wisdom about life, what you should do and shouldn’t do in it, thinking about other people. And that is the base of my argument on the purpose of Education.

Think about Albert Einstein, about the nuclear fission, and his stand point on the issue. He was the greatest at the subject. He was the league in the invention but he refused and stood against using it as a weapon. That is my point. You can learn knowledge, gather information, and acquired intelligence but, at the end of the day, you are the one who have to make decision where and for what to use those expertise you acquired.

Those decisions should come with wisdom for which the modern education is obviously failing to provide an environment to develop. Thus in practice, there can be seriously clever and skillful persons among us but without enough thinking or without enough time to think how to use what we get. The most dangerous of all, after all those schooling years and hard works, most of us became to believe we are superior than others, knowing enough about the world and good enough to make decisions on behalf of others. Is it true? Can it be true?

And again, even in specialized subjects, we use to differentiate the rank between Science and Art, and always debating which one is superior. Scientists say art is subjective thus cannot bring out the truth, and Art says science fails to understand the complicated nature of humans.

My stand, of course, I strongly see, as long as we cannot combine science and art in proper proportion, such education system will be a fault. I see science without art, and the art without science will never provide a person a holistic view, moderating his or her ability to develop wisdom from the things he or she learns. And such educated person becomes a dangerous one, an In-gwan-ja-wa what I want to name here.

The name is from one of Myanmar folk tales. Specifically Ka-chin folks told it. A giant boy named In-gwan-ja-wa became a threat to his tribe unintentionally. Simply because he was bigger, and stronger than any other one in the village, but with very little brain and his stupidities cost villagers’ lives including his own mother’s. The villagers had to plot against him to his death.

Originally, the tale emphasized on the bad jealous of the villagers but, I could also see the point of why he actually became a threat to his society. Had he wise enough, he would know how to handle all those jealous. He should know that greater power should come with greater responsibilities. But at the end, he had to die, when the wind bequeathed his breath and the water bequeathed his tears (nature’s uncontrollable two powers as you can notice). Sad story it was, but with vivid wisdom inside.

Modern education provides us doctors, pharmacists, dentists, engineers, biologists, nuclear experts, the psychologists, historians, the linguistics and more of such endless expertise professionals who are like very sharp edged swords. Yet the system is lagging behind to provide the proper ways of using such swords.

The last but not least, in practical life, only the market mechanism seems of using such swords for its purpose. Then, the question is, will the market mechanism provide the better ways of using those valuable assets? Is the Invisible Hand such wise? Well, obviously and sadly "it cannot", as my African friend pointed out today, the HIV drugs for Africa is still hopeless in that sense and that was only one of many cases happening around the world nowadays.

Then this is so dangerous and who are responsible to recognize and amend this danger? What about integrity, ethic and humanity? Can't they be developed under Market? Are they to be re-developed only under rules and regulations? I see simple those necessary rules and regulations should come out from our own wisdom. Is it so difficult to do? So, without the wisdom of how to use what we learn, we will be the In-gwan-ja-wa(s) in our society(s).

Feb 22, 2010

Right? Freedom?

ကျွန်မ Human Right ဆိုတာကိုသေသေချာချာ မလေ့လာရသေးပါဘူး။ လူ့အခွင့်အရေးဆိုတာလောက်ပဲ သိပါတယ်။ ဘယ်အတိုင်းအတာအထိ လူတယောက်ကအခွင့်အရေးရှိသလဲ။ နောက်တခါ လွတ်လပ်ခွင့် Freedom ဆိုတာကရော။ လူတယောက်ရဲ့လွတ်လပ်ခွင့်ဆိုတာကရော ဘယ်အတိုင်းအတာထိပါလဲ။ ကျွန်မနားလည်းထားတဲ့ လူ့အခွင့်အရေးကတော့ သူတပါးရဲ့အခွင့်အရေးကိုအလွဲသုံးစားမလုပ်ပဲ ကိုယ်ရသင့်ရထိုက်တာကို ရအောင်ယူတာပါပဲ။ အဲဒီလိုပဲ လွတ်လပ်ခွင့်ဆိုတာကလည်း သူတပါးကိုမထိခိုက်ပဲနဲ့ ကိုယ့်ရဲ့ဘောင်တခုထဲကနေ အချုပ်အနှောင်မရှိနေထိုင်ခွင့်ရခြင်းပါပဲ။ ဒါပေမယ့် ဘောင်၊ စည်းဆိုတာ ရှိလာပြီ ဆိုမှတော့ ဘယ်လိုလုပ်လွတ်လပ်ပါမလဲလို့ပြောလို့ရပါတယ်။ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့၊ အုပ်ချုပ်မှုဘောင်မဲ့ လွတ်လပ်ချင်တယ်ဆိုရင်တော့ လူတွေနဲ့ရောနေလို့ရမှာမဟုတ်ပါဘူး။ တောထဲသွားနေဖို့သာ အကြုံပြုချင်ပါတယ်။ တောမှတောင် မလုပ်ရဆိုတဲ့ စည်းကမ်းဖောက်ဖျက်ရင် အသက်အန္တရာယ်ထိခိုက်နိုင်ပါသေးတယ်။
ကျွန်မဘွဲ့လွန်ဆက်မတက်ခင်အထိကျွန်မသိထားတဲ့ လွတ်လပ်တဲ့လူ့ဘောင်ဆိုတာတော်တော်လေးကို ကျဉ်းမြောင်းနေပါသေးတယ်။ ကျွန်မဇာတိမြို့ကလေးမှာဆိုရင် တယောက်နဲ့တယောက် လေးစားရပါတယ်။ လူကြီးတွေကိုနာခံရပါတယ်။ ပတ်ဝန်းကျင်ကိုဂရုစိုက်ရပါတယ်။ ကိုယ့်အိမ်မှာကိုယ် ဘယ်လိုနေနေဆိုလို့ မရပါဘူး။ အခုအချိန်အထိလည်း ကျွန်မနှစ်သက်၊ မှတ်မိနေသေးတဲ့ အလေ့အထလေးတွေထဲက တချို့ကိုပြောပြချင်ပါတယ်။ အိမ်တအိမ်မှာဆီသတ်တာမျိုး၊ ညှော်နံ့ထွက်မယ့်ဟင်းလျာ တခုခုလုပ်တော့မယ်ဆိုရင် “ညှော်တော့မယ်နော်” လို့ပြောကြပါတယ်။ မတတ်သာလို့လုပ်ရတယ်၊ လေလုံတဲ့အိမ်မျိုးတွေလည်းမဟုတ်တော့ ညှော်နံ့ထွက်လာရင်ကျန်းမာရေးမကောင်းတဲ့သူ၊ အနံ့အသက်မခံနိုင်တဲ့သူရှိရင် ကြိုရှောင်ထားနိုင်အောင်၊ မလှုပ်ရှားနိုင်ရင်လည်း ခြင်ထောင်ထဲမှာနေတာမျိုး ဖြစ်ဖြစ်၊ ကာကွယ်နိုင်အောင် ကြိုတင်သတိပေးတာပါ။ ပြီးတော့ အိမ်တွေမှာကက်ဆက်ဖွင့်ပါတယ်။ ကျွန်မ ၃နှစ်သမီးကတည်းက အဘိုးနဲ့နေခဲ့ရတာပါ။ အဘိုးကအပေါ်ထပ်မှာနေပါတယ်။ ကျွန်မအောက်ထပ်က ကက်ဆက်အကျယ်ကြီးဖွင့်ရင်ဆူပါတယ်။ ဟိုဘက်အိမ်တွေမှာလည်း အဘိုးကြီး၊ အဘွားကြီးတွေရှိပါတယ်။ ရေဒီယိုကခေတ်ဟောင်းတေးတွေဘာတွေလာတဲ့အချိန်ဆို လူကြီးတွေကနားခံသာပေမယ့် ကျွန်မတို့ ငယ်ငယ်ကခေတ်စားစပြုလာနေတဲ့ ရောခ့်ဂီတကို သူတို့မကြိုက်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း ဆူဆူညံညံမကြိုက်တဲ့သူမို့ မဖွင့်ပါဘူး။ ဒါပေမယ့် ကျွန်မတို့မျက်စောင်းထိုးအိမ်က ကျွန်မနဲ့မတိမ်းမယိမ်းယောက်ျားလေးက အကျယ်ကြီးဖွင့်ပြီး လိုက်ဆိုတတ်ပါတယ်။ သူတို့တအိမ်လုံးက ရပ်ကျော်ရွာကျော်တွေမို့ အနီးအနားက အဘိုးအဘွားတွေက ကျွန်မကက်ဆက်ဖွင့်ရင် မီးမီးရေ တိုးတိုးလုပ်ဟေ့လို့ ပြောသလိုသူတို့ကိုမပြောပါဘူး။ ဒါပေမယ့် သူတို့ရဲ့အလိုက်ကမ်းဆိုးမသိမှုက ပါတ်ဝန်းကျင်ကိုထိခိုက်စေတာတော့ အမှန်ပါပဲ။ ကျွန်မကက်ဆက်ဖွင့်လို့ ဟေမာနေ၀င်းလို ခပ်အေးအေးသီချင်းလေးတွေဆို ဟိုဘက်အိမ်ကအဘွားရော၊ သူသမီး အန်တီသန်းရောက ကြိုက်ပါတယ်။ အဲဒါဆို မီးမီးရေကျယ်ကျယ်ဖွင့်ဟေ့လို့ ပြောပါတယ်။ ကျွန်မအဘကလည်း မဆူပါဘူး။ ကျွန်မကလည်း အခါကြီးရက်ကြီး ဥပုသ်နေ့မျိုးတွေမှာ မဖွင့်ပါဘူး။ ကိုယ့်အိမ်မှာကိုယ်ပိုင်တဲ့ကက်ဆက် ဘယ်အချိန်ဖွင့်ဖွင့် ဆိုပေမယ့် သူတပါးရဲ့လွတ်လပ်ခွင့်၊ သူတပါးရဲ့ အခွင့်အရေးကိုလည်း လေးစားရမှာပါ။ ကျွန်မကိုးတန်းလောက် ရောက်လာတော့ နားကျပ်နဲ့နားထောင်ရတဲ့ Walkman ကက်ဆက်လေးတွေ ခေတ်စားလာပါပြီ။ ကျွန်မ မွေးနေ့လက်ဆောင်ရတဲ့ အဲဒီကက်ဆက်လေးထဲမှာအခွေတွေဖွင့်ပြီး ဘယ်သူမှမကြားဘဲ နားထောင်ရတဲ့ အရသာကိုကျွန်မအရမ်းကြိုက်ပါတယ်။ အဲဒီအချိန်မှာ အက်ဆစ်တို့ဘာတို့ ရက်ပ် အခွေတွေပေါ်နေပြီ။ ကိုယ်ကကြိုက်ပေမယ့် အဘိုး၊ အဘွားတွေဘယ်လိုမှကြိုက်မှာ မဟုတ်တော့။ ဒီကက်ဆက်လေးနဲ့ဖွင့်တော့ ကိုယ့်ကြောင့်သူများလည်း မထိခိုက်တော့၊ ကိုယ်နားထောင်ချင်တဲ့ ဂီတကို နားထောင်ချင်တဲ့အချိန်မှာ နားထောင်လို့ရတယ်လေ။ အိမ်မှာ ကျွန်မအကိုကလည်း သီချင်းအရမ်းကြိုက်ပါတယ်။ ဒါပေမယ့်သူကတော့ သူ့ဂစ်တာလေးနဲ့ ခပ်တိုးတိုး သူ့ဘာသာသူပဲဆိုလေ့ရှိပါတယ်။ သူများတွေလိုအိမ်ရှေ့ထွက် ဂစ်တာတလုံးနဲ့အော်တာမျိုးလည်းမလုပ်။ အိမ်မှာလည်း ဆူဆူညံညံဟော့ဟော့ရမ်းရမ်းမရှိတဲ့အတွက် ပါတ်ဝန်းကျင်ကချစ်ကြပါတယ်။ အဲဒီလိုနဲ့ ကျွန်မ ဘွဲ့လွန်တက်ဖို့ ထွက်မလာခင်အထိကျွန်မနားလည်ထားတဲ့ လူအခွင့်အရေးကတော့ ကိုယ့်ပါတ်ဝန်းကျင်ကို လေးစားလိုက်နာခြင်းပါ။ အဲဒီလိုကျွန်မနားလည်ထားတဲ့ ကိုယ့်ပါတ်ဝန်းကျင်ဆိုတာ စိတ်သဘောထားတူ၊ ဘာသာတူ၊ ၀ါသနာတူတွေဆိုပြီး ကျဉ်းမြောင်းနေလိမ့်မယ်လို့ ဘယ်တုန်းကမှမစဥ်းစားခဲ့မိပါဘူး။
နောက်ဒီရောက်လာတော့ ကိုယ့်လိုကျောင်းလာတက်တဲ့အကိုတွေနဲ့ စကားပြောဖြစ်ကြရင်းကနေ ခရစ်ယာန်ဘာာသာအကိုတယောက်ကပြောပါတယ်။ လော်စပီကာတပ်ပြီး အော်ကြီးဟစ်ကျယ်အလှုခံတာတို့၊ တညလုံးတောက်လျှောက်ပဌာန်းရွတ်နေတာတို့ သူလုံးဝမကြိုက်တဲ့အကြောင်းပါ။ သူက ဗုဒ္ဓဘာသာ မဟုတ်တဲ့အတွက် ကျွန်မတို့ဘာသာထုံးစံမေတ္တာပို့၊ အန္တရယ်ကင်းပရိတ်ရွတ်တာကို သူနားမလည်နိုင်၊ လက်လည်းမခံနိုင်တာပါ။ ပြီးတော့ အဲဒီလိုအခွင့်အရေးမျိုး တခြားဘာသာတွေကျမရတဲ့အတွက်လည်း မကျေနပ်တာပါ။ ကျွန်မငယ်ငယ်ကတည်းကနေခဲ့တဲ့အိမ်က ဘုန်းကြီးကျောင်းတွေဝိုင်းရံနေတဲ့ အိမ်လို့တောင် ပြောလို့ရပါတယ်။ ပဌာန်းရွတ်ကြတဲ့အချိန်ရောက်ပြီဆို ကိုယ်တွေလူငယ်တွေက အချိန်တန် အိပ်ပျော်သွားပေမယ့် လူကြီးတွေကအိပ်မပျော်ကြ။ အဲဒီတော့ပဌာန်းသံကိုနာခံပြီး တရားနာကြပါတယ်။ ဗုဒ္ဓဘာသာမဟုတ်တဲ့သူတွေအတွက်တော့ ဘယ်လိုနေမလဲဆိုတာ ကိုယ်တိုင် တခါမှမစဉ်းစားမိအောင် ကျွန်မညံ့ဖျင်းခဲ့ပါတယ်။ အဲဒီအကိုနဲ့စကားပြောမှပဲ ဘာသာပေါင်းစုံရှိနေတဲ့ကျွန်မတို့နိုင်ငံမှာ ဘက်ညီအောင် ဘယ်လိုလုပ်ပေးရမလဲ။ ဘာသာတိုင်းရဲ့အခွင့်အရေး၊ လွတ်လပ်ခွင့်ကိုမပိတ်ပင်ပဲ ဘာသာခြားတွေအတွက်လည်း အနှောင့်အယှက်မဖြစ်ဘဲဘယ်လိုပေါ်လစီမျိုးထုတ်ပြီး ဒီပြဿနာကို ဖြေရှင်းရမလဲဆိုတာကို ကျွန်မစဉ်းစားစပြုလာပါတယ်။ တချိန်တည်းမှာပဲ စဉ်းစားမိတဲ့ ပြဿနာတွေက ဘာသာလေးခုစလုံး လွတ်လပ်စွာဟောပြောခွင့်ပေးလိုက်တဲ့အခါ ဟိုဘက်ကတမျိုး၊ ဒီဘက်ကတမျိုး။ ဟိုဘက်ကလော်စပီကာနဲ့တမျိုးအော်၊ ဒီဘက်ကလော်စပီကာနဲ့တမျိုးအော်ဆိုတာမျိုးတွေဖြစ်လာမလား။ (ဥပမာ အခုအင်တာနက်ပေါ်မှာ၊ ဘလော့တွေပေါ်မှာ အော်နေကြသလိုမျိုး။) ဘာသာလေးခုအပြင်အခုပေါ်ပေါက်နေတဲ့ ဂိုဏ်းခွဲတွေပေါ်လာပြီး မူရင်းဘာသာတွေကိုခြိမ်းခြောက်လာမလား။ ကျွန်မတို့ရဲ့မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ မည်သည့်ဘာသာမဆို အေးချမ်းလွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လေ့လာနိုင်ခွင့်ဆိုတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားမလား။ ကျွန်မကိုယ်တိုင်မေးဖြစ်လာတဲ့ အဲဒီမေးခွန်းတွေကို မဖြေနိုင်သေးပါဘူး။ အဲဒီတော့ ဒီဘာသာရေးလွတ်လပ်ခွင့်ပဲဖြစ်ဖြစ်၊ လွတ်လပ်တဲ့ လူ့ဘောင်အခွင့်အရေးဆိုတာပဲဖြစ်ဖြစ်ကျွန်မတို့ ပိုပြီးသတ်သတ်မှတ်မှတ် အဓိပါယ်သတ်မှတ်ဖို့ လိုလိမ့်ဦး မယ်ထင်ပါတယ်။

Feb 19, 2010

အုပ်စုပတ်လည် ပွဲစဉ်များ

ကျောင်းပြီးတော့မည်။
မြက်ခင်းပြင်တွင် အားရပါးရထိုင်ကာ တပျော်တပါး ဆွေးနွေးငြင်းခုန်နေသော ဂျူနီယာအတန်းမှ အုပ်စုကို ငေးရင်းတွေးလိုက်မိသည်။ မိမိ ကိုယ်ကို ကျေနပ်မိသလိုလည်းခံစားရသည်။ ဒီပတ်ဝန်းကျင် ဒီမြက်ခင်းပြင် ဒီအရိပ်တွေကိုလွမ်းနေမိတော့မည်ထင်သည်။ ယိမ်းနေသော ဝါးရုံပင်များကို ကြည့်ရင်း လေပြည်ကို ခံစားရင် အတွေးတွေကိုလွှတ်ပေးလိုက်သည်။ ဒီနှစ်နှစ်အတွင်း ငါဘာတွေရခဲ့ ပါသလဲ။
ကျောင်းကပေးခဲ့သမျှထဲတွင် မမေ့နိုင်ရလောက်အောင် အထိဆုံးသော သင်ခန်းစာ နှင့် လေ့ကျင့်ခန်းများမှာ .. case studies နှင့် group work များပဲဖြစ်လိမ့်မည်။

case studies ဆိုသည်ကတော့ရှင်းပါသည်။ တကယ်အဖြစ်အပျက်တစ်ခုကို အချက်အလက်များပေးကာ (သို့) ကိုယ့်ဘာသာရှာဖွေကာ လေ့လာစေပြီး ဖြေရှင်းနိုင်မည့် နည်းလမ်းကို တင်ပြစေချင်းဖြစ်သည်။ အန္ဒိယ.. ကယ်ရယ်လာပြည်နယ်မှ School reform ဘယ်လိုလုပ်မလဲမှအစ အာဖရိကမှ ယူကွန်တာ ပြည်နယ်လေးအတွက် အကောင်းဆုံးရေပေးဝေမှုစနစ်ကို တွက်ချက်အဖြေထုတ်ခိုင်းခြင်း အထိပါသည်။
group work ကတော့ ကိုယ်တင်ပြလိုသည့်နည်းလမ်းကို တစ်ယောက်တည်းမစဉ်းစားစေပဲ အုပ်စုဖွဲ့ပေးလိုက်ခြင်းဖြစ်သည်။ တစ်အုပ်စုမှ memo တစ်စောင်သာထွက်ရမည်။
ဒုတိယနှစ်စတွင် group work များကို အသည်းယားလွန်းသည့်ထင် သူငယ်ချင်းတစ်စုက Dead by Group Work စာတန်းထိုးပြီး ကျောင်းတံဆိပ်နှင့် တီရှပ်တွေရိုက်ဖူးသည်။ ကိုယ်လည်း အမြန်ပင် စာရင်းပေးကာ ဝယ်ပစ်လိုက်သည်။ ခုတော့ တီရှပ်မြင်တိုင်း ရင်မှာနွေးရသည်။ group work သို့မဟုတ် ကိုယ့်ဘာသာအမည်ပေးထားသော အုပ်စုပတ်လည်ပွဲစဉ်များ ကိုခုတော့ အလွန်ကျေးဇူးတင်မိသည်မှာအမှန်ပင်ဖြစ်သည်။ အုပ်စုပေါင်းများစွားအတွက် အမှုပေါင်းများစွာအတွက် ကိုယ်နှင့်အလုပ်အတူတွဲလုပ်ခဲ့ကြသောသူငယ်ချင်းများစွာကို မြင်ယောင်မိသည်။ ကျေးဇူးတင်မိသည်။

public policy သည် problem solving ဖြစ်ပါသည်။ economic, politic and management & leadership ကို tool များအနေဖြင့် ပေးထားသည်။ သိထားသင့်သော ဖြစ်တတ်သောအရာများကို အကြမ်းဖြင်း ပြောပြသည်။ ထို့နောက် case များချပေးသည်။ ဖတ်ပေတော့ ရှာပေတော့ ကျိုးကြောင်းသုံးသပ်ပြီး ဖြစ်နိုင်သမျှတွေကို အဖြစ်နိုင်ဆုံးအကျိုးအထိရောက်ဆုံး တွက်ချေအကိုက်ဆုံး plan တစ်ခုဆွဲကာ လူအများ (ပါမောက္ခ) လက်ခံလာအောင် ရေးပေတော့။ ကိုယ်သုံးသောနည်းလမ်းအတွက် အမှန်အမှားမရှိပါ။ ဥပမာ အများသုံးရေဖြန့်ဝေရေးစနစ်တစ်ခု ဆိုပါစို့ ပြည်သူပိုင်အစိုးရစီမံခန့်ခွဲသော စနစ်အောက်မှာထားမလား ပုဂ္ဂလိကပိုင်လုပ်မလား .. ။ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ်ပြောင်းမည်ဆိုလျှင်တောင် နှစ်တို နှစ်ရှည် ကန်ထရိုက်စည်းကမ်းမျိုးစုံနှင့် ပုံစံကွဲများစွာရှိနိုင်သေးသည်။ အဖြေက ဘယ်နည်းနှင့်မဆို လုပ်တတ်လျှင် အကျိုးရှိပါသည်။ အခြေခံ အယူအဆနှင့် မှန်ကန်ချက်များရှိနေပြီး ထိုအချက်များကို ဆင်ခြင်မှုအတွက် စမှတ်များအနေဖြင့်ထားရသော်ငြား အများနှင့် မတူသော အိုင်ဒိယာတစ်ခုကို အကျိုးအကြောင်း ခိုင်လုံစွာ သက်သေသကာယဖြင့် တွက်ထုတ်ကာ ပုံဖော်ချင်လည်း ရသည်။ ရှိရင်းစွဲ နည်းတစ်ခုကို သေချာသုံးသပ်ကာ ပိုကောင်းအောင်ဖြည့်စွက်ပြုပြင်ပြီး အခိုင်အမာရှင်းပြနိုင်လည်းဖြစ်သည်။

သဘောက ပြဿနာတစ်ခုကို ဖြေရှင်းရန် နည်းလမ်း methods များစွာရှိပါသည်။ သေချာရမည်မှာ သင်သုံးသောနည်းလမ်းသည် အများပြည်သူကောင်းဖို့က ultimate goal ဖြစ်သည်။ "one end, several means", "one goal, several methods" ဘယ်လိုပဲပြောပြောပါ။ နောက်အရေးပါသောအချက်က သင်တင်ပြသောနည်းလမ်းကို သုံးစွဲမည့်သူများ။ အကျိုးတိုက်ရိုက်၊ သွယ်ဝိုက်ခံစားရရှိမည့်သူများ လိုက်နာရမည့်သူများ အကျိုးလျော့နဲသွားနိုင်မည်သူများ .. စဉ်းစားနိုင်သမျှ stakeholders စုံ လက်ခံနိုင်လောက်အောင် သင်ပုံစံထုတ်စီစဉ်ရလိမ့်မည်။ ဥပမာ ဆေးလိပ်သောက်ခြင်းမကောင်းကြောင်းလူတိုင်းသိသော်လည်း ဒီတိုင်းပြည်မှာဘယ်သူမှ ဆေးလိပ်မသောက်ရဟူသော ပေါ်လစီမျိုး လူတိုင်းသဘောတူလိုက်နာမည်ဟု မျှော့်လင်မရနိုင်ချင်းမျိုးဖြစ်သည်။ အုပ်ချုပ်သူ နှင့် အအုပ်ချုပ်ခံ လူတန်းစား၂ ရပ်အဖြစ်သက်သက်မဟုတ်ပဲ လူများအားလုံးကို သက်ဆိုင်ရာ stakeholders များအဖြစ်ကြည့်ရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူအများဆိုပါက နေထိုင်နေသူအားလုံးပါဝင်နေသည်မဟုတ်ပါလား။ ထားပါတော့ ။

သည်လိုနှင့် များပြားစုံလင်လှသော solution များကို ရှာဖွေရင်း တင်ပြရင်း သူငယ်ချင်းများ၏ လက်ရာများကိုလည်း အံ့သြရင်း အတုယူရင်း အတော်အထာကျလာသောအခါ group work အုပ်စုပတ်လည်ပွဲများစလာသည်။ case တစ်ခု ပါမောက္ခက ချပေးလာသောအခါ သေချာလေ့လာသည် သင့်တော်ရာ ရှာဖွေစုဆောင်းသည်။ ဖြစ်နိုင်တာများကိုစဉ်းစား အချက်အလက်ပြင်ထားသည်။ ပထမဆုံးနေ့ meeting တွင်သူများတွေဘယ်လိုထင်မလဲ ဘယ်လိုဆွေးနွေးကြမလဲ ရင်ခုန်သည်။
အုပ်စုများကိုအစပိုင်းတွင် ကျောင်းမှ strategically ဖွဲ့ပေးခြင်းဖြစ်သည်။ နိုင်ငံအလိုက် လူ့စရိုက်အလိုက်။ အတော်ပညာသားပါသည်။ ညက်ညက်ကျေအောင် စာဖတ်လာသူချည်း အသေအချာပြင်ဆင်လာသူချည်းဖြစ်သည်။ သို့သော် သုံးချင်သည့်နည်းလမ်းက တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ကြ။ ပြဿနာက သည်မှစသည်။ တစ်ယောက်ကိုတစ်ယောက်လည်းအလျော့မပေးစတမ်းဖြစ်လာသောအခါ ခက်ကပြီ။
သက်ဆိုင်ရာနိုင်ငံ သက်ဆိုင်ရာ အမှုကို ကိုယ်တိုင်ကြုံတွေ့လာရသော လူပါလျှင်တော့ အဲသည်အဖွဲ့က ပိုဆိုးတော့သည်။ ခံယူချက် politic တစ်ခုခုအပေါ် passion ပြင်းထန်လာလေလေ ဖြေရှင်းရသည်မှာ လက်ဝင်ခက်ခဲလေလေ။ အဖြေကိုမသိကြသောကြောင့်မဟုတ်ပါ။ အဖြေများစွာကို သိနေပြီး အဖြေတစ်ခုခုအပေါ်မှာ သဘောတူညီဖို့ ဝန်လေးကြသောကြောင့်ဖြစ်သည်။ ကိုယ်ပိုင်အတ္တ များက ခံနေသည်ကိုး။

တစ်ယောက်တည်းလုပ်စဉ်က မြန်မြန်ပြီးသော အမှတ်ကောင်းကောင်းထွက်သော memo လေးတစ်စောင်ရဖို့ အခေါက်ခေါက် meeting ထိုင်ရသည်။ အတိုးအလျော့ အညှိအနှိုင်းတွေလုပ်ရသည်။ ပြောလိုက်ရသည်စကား။ ဖတ်လိုက်ရသည်စာ။ လူတိုင်းတွင် ကိုယ့်politics နဲ့ကိုယ်ဖြစ်သည်။
ဟေ့ ငါကသာ လူတွေအတွက်အကောင်းဆုံးလုပ်မှာမို့ (အမှတ်အကောင်းဆုံးရအောင်လုပ်ပေးနိုင်တာမို့) ငါခေါင်းဆောင်မယ် ငါ့စကားလူတိုင်းနားထောင်ရမယ် နားမထောင်နိုင်ရင်ထွက် ဆိုသလိုဖြစ်လာခဲ့လျှင် memo တစ်ခု အမှတ်ကောင်းကောင်းမြန်မြန်ထွက်လာပြီးတောင် ဒီအဖွဲ့ရဲ့ performance ကကျဆုံးခဲ့သည်ဆိုတာ ပါဝင်သူတွေ သိကြသည်။ ခံစားချက်မကောင်းပါ။
ူလူတိုင်းက တူညီသောရည်မှန်းချက်နှင့် ကိုယ်ပိုင် အယူအဆများနှင့်ဖြစ်သည်။ လူတိုင်းကစာဖတ်ထားသော confidence ကိုယ်စီနှင့်ဖြစ်သည်။ လူအားလုံးပါဝင်ရေးသော မီမိုတစ်စောင် အမှတ်အကောင်းဆုံးရဖို့ မလွယ်ရေးချမလွယ်တော့။ နဖူးတိုက် ဒူးတိုက် ရန်မဖြစ်ယုံတမယ် အဖွဲ့များရှိသည်။

ဆရာများကို complain တက်တော့ သင်းတို့က ရယ်ကျဲကျဲ။ မင်းတို့တွေ ရေးနေတဲ့ issue ကိုပဲမကြည့်ပါနဲ့။ သူငယ်ချင်းတွေနဲ့ အတူတူ အလုပ်လုပ်ရတဲအခိုက်အတန့်ကလေးတွေကို သေချာenjoy ပါဟူ၏။

ကျွန်မတို့ အသေအချာကို enjoyခဲ့ကြရပါသည်။
နောင်တော့ ဘယ်အချိန်ဦးဆောင်ပေးရမလဲ ဘယ်အချိန်နောက်လိုက်လုပ်သင့်သလဲ၊ ဘာတွေကို နားလည် ထည့်စဉ်းစားပေးရမလဲ လိုချင်တဲ့လမ်းပေါ်ကိုဘယ်လိုထိန်းတင်မလဲဆိုတာမျိုး စဉ်းစားလာရသည်။ မစဉ်းစားလျှင်အလုပ်ဘယ်လိုမှမဖြစ်တော့။ လူအားလုံးက မခေသူတွေဟုအနည်းဆုံးကိုယ့်ကိုယ်ကိုတော့ယူဆထားကြသူတွေချည်းကိုး။
နောင်တော့ ကိုယ်ဘာသာအုပ်စုဖွဲ့ခွင့်ပေးလာသောအခါ အလုပ်တွဲလုပ်ရန်ဖြစ်နိုင်သူအချင်းချင်း strategically ပေါင်းမိလာသည်။ ပိုပြီး အပေးအယူတည့်ကာ မြန်ဆန်ထိရောက်လာသည်။ ဒါကလက်တွေ့လောကအမှန်ဖြစ်ပါသည်။

သင်ယူခဲ့ရသည်က case များမှပေးသော အမှုတစ်ရာတင်မဟုတ်၊ အမှုတစ်ရာကိုဖြေရှင်းလို့ရမည့် နည်းလမ်းထောင်ပေါင်းများစွာတင်မဟုတ် ..
ကျွန်မတို့ တစ်ဦးချင်းစီရှိ အရေးပေါ်သောအခါ မြင်သာထင်သာလာသော ကိုယ်ပိုင်ပေါ်လတစ်များပါဖြစ်သည်။ ကိုယ်ပိုင် politics များကို သေချာမြင်လာစေပြီး နားလည် လက်ခံပေးနိုင်လာစေပြီး ultimate goal သို့ဦးတည်မှုကိုမပျောက်စေပဲ တရွေ့ရွေ့တိုးနိုင်စေဖို့ အလျော့အတင်းလုပ်နည်း ညှိနှိုင်းနည်း စည်းရုံးနည်း ဦးဆောင်နည်း များကို အုပ်စုပတ်လည်ပွဲများက လက်တွေ့သင်ယူသိမြင်စေမည့် အခွင့်လမ်းပေးပါသည်။
ရေမကူးချင်သော ရေမကူးတတ်သောသူများကို ရေကန်နက်ထဲပစ်ချသလို သင်ကြားနည်းမျိုးဖြစ်သည်။ ခုတော့ ချန်ပီယံလိုမကူးနိုင်ရင်တောင် မမြုပ်နိုင်သော အဆင့်တစ်ခုသို့ survive ဖြစ်ခဲ့ကြပြီထင်ပါသည်။
နောင်များမကြာမီ ကမ္ဘာအနှံ့ ကိုယ်သန်ရာ အလုပ်များဖြင့် ခြေဆန့်ကြဦးမည်။
အုပ်စုပတ်လည်ပွဲစဉ်များမှပေးသော အရသာများကိုတော့ တသသ ဖြစ်နေကြရတော့မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။

Feb 17, 2010

Keeping Corruption လာဘ်ပေးလာဘ်ယူတို့လည်းကူ

ဟိုတနေ့က World Bank ဘလော့တခုမှာ အစိုးရ၀န်ထမ်းတွေကို လာဘ်ပေးလာဘတ်ယူမှုပပျောက်အောင် အိန္ဒိယမှာရှိတဲ့ 5th Pillar လို့ခေါ်တဲ့အဖွဲ့တဖွဲ့က ရူပီး သုညတန်ဖိုးရှိတဲ့ငွေစက္ကူထုတ်ပြီး ပြည်သူတွေက အဲဒီလာဘ်စားတဲ့ဝန်ထမ်းတွေကို အဲဒီငွေကြေးတွေပေးခြင်းအားဖြင့် လာဘ်ပေးလာဘ်ယူမှုကို ပြည်သူတွေနဲ့အတူ တိုက်ဖျက်တဲ့အကြောင်းဖတ်လိုက်ရပါတယ်။ ဘာမှတန်ဖိုးမရှိတဲ့ သုညရူပီးကိုပေးခြင်း အားဖြင့်တသက်လုံးအစိုးရအရာရှိတွေလုပ်သမျှပြောသမျှ အများစုကခေါင်းငုံ့ခံလေ့ရှိတဲ့ အိန္ဒိယလိုနေရာမျိုးမှာ ပြည်သူတွေကလာဘ်ပေးလာဘ်ယူစနစ်ကို တကယ်ပဲမနှစ်သက်ဘူးဆိုတာကို ပြသတာပါ။ ရေးထားတာကတော့အိန္ဒိယအနေအထား၊ အိန္ဒိယအကြောင်းအရာပါ။ (http://blogs.worldbank.org/publicsphere/paying-zero-public-services မှာဖတ်လို့ရပါတယ်။) မြန်မာနိုင်ငံမှာရော လာဘ်ပေးလာဘ်ယူမရှိဘူးလား။ ဒီလို သုညတန်ဖိုးကျပ်ငွေထုတ်ပြီး ပေးရင် မြန်မာနိုင်ငံမှာရောအောင်မြင်နိုင်မလား။ အရင်ဆုံးအိန္ဒိယကအစိုးရ၀န်ထမ်းတွေနဲ့ မြန်မာက၀န်ထမ်းဘာကွာလဲ တွေးကြည့်ရအောင်။ အိန္ဒိယမှာအစိုးရ၀န်ထမ်းဆိုအောက်ခြေ၀န်ထမ်းကစပြီး ထမင်းဝအောင်တော့ လခရပါတယ်။ တဖြည်းဖြည်းရာထူးမြင့်လာပြီး မြို့နယ်တခုလောက်က စာရင်းအင်းကိုင်တွယ်ရလောက်တဲ့ ရာထူးမျိုးဆိုရင် အိမ်မှာခိုင်းတဲ့တပည့်နဲ့ဘာနဲ့ တော်တော်အဆင့်မြင့်ပါတယ်။ (စစ်ဘက်နဲ့ ရဲဘက်ဝန်ထမ်းကို မဆိုလိုပါ။) ပြီးတော့အိန္ဒိယမှာနိုင်ငံရေးပါတီကလည်းများ၊ နိုင်ငံအဆင့်မဟုတ်ဘဲနဲ့ ပြည်နယ်အဆင့်တွေမှာ ဒီနေ့ရှိတဲ့ပါတီက နောက်နေ့ပြုတ်ရင်ပြုတ်သွားမှာပါ။ (လက်တွေ့မှာတော့ အဲဒီလောက်မမြန်ပါဘူး။ အပြောင်းအလဲမြန်တာကိုပြောချင်တာပါ။) အဲဒီတော့ ဗျူရိုကရက်လို့ခေါ်တဲ့အစိုးရ၀န်ထမ်းတွေကပဲ အမြဲတည်မြဲနေတာဖြစ်တဲ့အတွက် သူတို့ရဲ့တန်ခိုးအာဏာက တချို့နယ်မြေတွေမှာ နိုင်ငံရေးပါတီတွေထက် တောင် ကြီးပါတယ်။

မြန်မာနိုင်ငံကအစိုးရ၀န်ထမ်းတွေကိုကြည့်ပါ။ တခြားကိုမကြည့်ပါနဲ့။ လာဘ်စားလို့၊ ရုံးသွားရင်ပေးရ ကမ်းရလို့ ပြည်သူတွေအော်ကြတဲ့ လူဝင်မှုကြီးကြပ်ရေးရုံးကိုပဲကြည့်ပါ။ ညွှန်မှုးလောက်အဆင့်ဆိုရင် သီတင်းကျွတ်ဆိုကန်တော့ရတဲ့ အစဉ်အလာတွေဘာတွေရှိတယ်။ တခြားအခွင့်အရေးတွေရှိတယ်။ ဒါပေမယ့် ပခုံးမှာ ၁ရစ်၊ ၂ရစ်၊ ၃ရစ်အဆင့်ရှိဝန်ထမ်းတွေကိုကြည့်ပါ။ ကျွန်မကျန်းမာရေးစီမံချက်တခုမှာလုပ်တုန်းက လူကြီးကနိုင်ငံခြားသားဖြစ်တဲ့အတွက် ဗီဇာသက်တမ်းသွားသွားတိုးရပါတယ်။ တခါသွားတိုးရင် (၂လတခါလောက်ပေါ့) ၅၀၀ကျပ်ပေးရပါတယ်။ တခါတလေကျွန်မကတထောင်ပေးပါတယ်။ ဘာလို့လဲဆိုတော့ တနေကုန်လာသမျှလူတွေဆီကတယောက် ၅၀၀ကျပ်စုပေါင်းပြီး ညနေဆို အဲဒီဌာနက လူတွေခွဲယူကြတာပါ။ (လူတိုင်းဆီကလည်း ရချင်မှရပါလိမ့်မယ်)။ ကျွန်မထင်ပါတယ်။ မှန်ချင်မှမှန်ပါလိမ့်မယ်။ ဌာနအကြီးအကဲကိုတော့ ပိုပေးရမှာပါ။ တနေကုန်လို့ အဲဒီဝန်ထမ်းတယောက်ရရင် ၁,၀၀၀ ကျပ်ပေါ့။ အဲဒီအချိန်တုန်းကသူတို့တယောက်ချင်းစီ လစာ ၄၀,၀၀၀ ကျပ်ဝန်းကျင်ပါ။ အရစ်ကွာလို့ လစာကွာလှရင် ၃၊ ၄ ထောင်ပေါ့။ အများဆုံးရမှာကတော့ ဌာနကအကြီးအကဲပဲ။ ထားပါတော့။ ကျွန်မအဲဒီအချိန်ရန်ကုန်မှာ အဆောင်နေပါတယ်။ ၂၀၀၆၊ ၂၀၀၇ လောက်ပေါ့။ အဆောင်ခ၊ ထမင်းစားရိတ်၊ သာရေး၊ နာရေး ပေါင်းလိုက်ရင် တလကို တသိန်းဝန်းကျင်ကုန်ပါတယ်။ တသိန်းထားပါတော့။ အဆောင်လခ တသောင်းနှစ်ထောင်ပြန်နှုတ်ရင် ရှစ်သောင်းရှစ်ထောင်က တခြားစရိတ်ပါ။ အဲဒီတော့တွက်ကြည့်ပါ။ အဲဒီ လ၀ကသာမာန်ဝန်ထမ်း တယောက် ၄၀,၀၀၀ ရရင်၊ သူ့နေ့စဉ်ဘေးပေါက်ဝင်ငွေကို ၁,၀၀၀နဲ့တွက်၊ တလစုစုပေါင်းဝင်ပေါင်း ၇၀,၀၀၀ ၀န်းကျင်။ ၅၀,၀၀၀ ကျပ်ရတဲ့ဝန်ထမ်းဆို တလ ၈၀,၀၀၀၀န်းကျင်ရပါမယ်။ အိမ်ထောင်နဲ့ကလေးနဲ့၊ မိသားစုရှိတဲ့ဝန်ထမ်းမျိုး၊ သူ့အိမ်ထောင်ဘက်ကလည်း သူ့လိုပဲ လခနည်း အစိုးရ၀န်ထမ်းဆိုရင် စဉ်းစားကြည့်ပါ။ လာဘ်ယူနေရတဲ့အနေအထားမှာတောင် ကျပ်တည်းနေဦးမှာ။ လာဘ်ပေးလာဘ်ယူမလုပ်ဘူးဆိုရင် ထမင်းကိုတနေ့နှစ်နပ်ကနေလျှော့စားဖို့ပဲ ရှိတော့မယ်။

ဒီလိုကျွန်မပြောလို့လာဘ်ပေးလာဘ်ယူမှုကိုအားပေးနေတာမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူဆိုတာ တိုက်ကိုတိုက်ဖျက်ပစ်ရမယ့်၊ ဆန့်ကျင်ရမယ့်အရာပါ။ ဒါပေမယ့် မြန်မာနိုင်ငံလိုအနေအထားမျိုးမှာ အစိုးရ၀န်ထမ်းတွေအကျင့်ပျက်တယ်။ လာဘ်စားတယ်အော်နေကြမယ့်အစား ဒီလိုဘာကြောင့်ဖြစ်နေရတာလဲ စဉ်းစားကြည့်ပါ။ အစိုးရက ၀န်ထမ်းတွေကိုခဏခဏတော့ လစာတိုးပေးပါတယ်။ လစာတိုးတိုင်း ငွေကြေးဖောင်းပွမှုနှုန်းက တိုးလာတယ်။ ပြဿနာရဲ့တစိတ်တပိုင်းကတော့ ပြည်သူတွေရဲ့အမြင်၊ ခံယူချက်တွေပါပဲ။ လစာတိုးတော့မယ် လို့သတင်းကြားတာနဲ့ ဈေးတော့တက်တော့မှာပဲဆိုပြီး ပိုက်ဆံအပိုရှိတဲ့သူတွေက ဆန်ဝယ်လှောင်တယ်၊ ဆီဝယ်လှောင်တယ်။ ၀ယ်လိုအားတွေတက်တာနဲ့အမျှဈေးတက်လာတယ်။ ဘာမှမတတ်နိုင်တဲ့ ဆင်းရဲသားပြည်သူတွေက တက်လာတဲ့ဈေးနဲ့ လက်လီဝယ်စားရတယ်။ အဲဒီတော့အဓိကပြဿနာက ငွေကြေးဖောင်းပွမှုပဲ။ အဲဒီပြဿနာကိုဖြေရှင်းမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးအနေအထား၊ ဘဏ်စနစ် စတာတွေပါလိုက်ပြောင်းလဲဖို့လိုပါလိမ့်မယ်။ ငွေကြေးဖောင်းပွမှုပြဿနာကို မဖြေရှင်းနိုင်သေးဘဲနဲ့ ၀န်ထမ်းတွေကိုလစာတိုးပေးလည်း သူတို့ဘ၀တွေကအရမ်းတိုးတက်မသွားပါဘူး။ မှတ်တမ်းတွေအရဆိုရင် မြန်မာနိုင်ငံဟာ နှစ်၂၀အတွင်းမှာ လစာကို အဆ ၇၀အထိတိုးပေးခဲ့တဲ့နိုင်ငံပါ။ ဒါပေမယ့် ပြောခဲ့သလိုပဲ ငွေကြေးကပါလိုက်ဖောင်းပွလာတော့ အောက်ခြေ၀န်ထမ်းတွေရဲ့ ဘ၀ကတော့ တိုးတက်မလာပါဘူး။
အဲဒီတော့ပြောချင်တာက ၀န်ထမ်းတွေလာဘ်စားတယ်လို့ချည်းပဲ အော်မနေပါနဲ့။ မစားရင် သူတို့ငတ်သွားပါလိမ့်မယ်။ လူဆိုတာ ကိုယ့်အသက်ရှင်ရပ်တည်မှုအတွက်တော့ လုပ်ရတာချည်းပါပဲ။ ဒါပေမယ့်တခုပါပဲ။ လာဘ်လဲယူ၊ အလုပ်လဲပြီးပါစေပေါ့။ ပြီးခဲ့တဲ့တခေါက် ကွန်ဖရင့်တခုမှာ ကျွန်မအရမ်း လေးစားတဲ့ပါမောက္ခတယောက်က သူတင်ပြတဲ့စာတမ်းအကြောင်းပြောရင်းနဲ့ အလုပ်ဖြစ်တဲ့လာဘ်စားမှု နဲ့ အလုပ်မဖြစ်တဲ့လာဘ်စားမှု ဆိုပြီး နှစ်မျိုးခွဲပြောသွားပါတယ်။ အာရှနိုင်ငံတော်တော်များများမှာ လာဘ်ပေးလာဘ်ယူ ပြဿနာဟာရှိနေတုန်းပါပဲ။ အာရှမှမဟုတ် အနောက်ဘက် မှာတောင်လုံးဝကင်းတဲ့နိုင်ငံဆိုတာ လက်ချိုးရေလို့ ရနေတာပါ။ အဲဒီတော့လာဘ်ယူရင်ယူပါ။ အလုပ်ဖြစ်အောင်လုပ်ရင် ပေးရတဲ့လာဘ်အတွက် အပြစ်မတင်ဘူး ဆိုတဲ့သဘော အဲဒီပါမောက္ခကပြောသွားတာပါ။ အလုပ်မဖြစ်ဘဲနဲ့ အိယောင်ဝါးနဲ့ လာဘ်စားနေရင်တော့ နိုင်ငံအတွက်အဆိပ်အတောက်အမှိုက်ပါပဲတဲ့။ ကျွန်မအဲဒီအဆိုကို ချွင်းချက်မရှိထောက်ခံခဲ့တာပါ။

ခုနကပြောခဲ့တဲ့ကျွန်မကိုယ်တွေ့ လ၀ကဌာနကိုပဲပြန်ဆက်ပါရစေ။ လ၀ကကလူတိုင်းကိုမဆိုလိုပါဘူး။ ဒါပေမယ့် ကျွန်မ အဲဒီစီမံကိန်းမှာ ၃နှစ်အလုပ်လုပ်ခဲ့တဲ့အတွင်းမှာ ခဏခဏအဲဒီဌာနကိုသွားရပါတယ်။ တခါဖောင်တင်မယ်ဆိုရင် ၅၀၀ ကျပ်ပေးရတယ်။ ဗီဇာသက်တမ်းထိုးထားတဲ့ ပါတ်စ်ပို့ပြန်ရတဲ့အထိ ပေးစရာမလိုဘူး။ ကျွန်မအချိန်မရွေးဖုန်းဆက်မေး ချိုချိုသာသာဖြေပါတယ်။ ဘယ်အဆင့်ရောက်နေပြီလဲ နေပြည်တော်ကိုဖုန်းဆက်မေးပေးပါတယ်။ ကျွန်မကိုဖုန်းဆက်ပြီးပြန်ပြောပေးပါတယ်။ ဘယ်ရက်နောက်ဆုံးလောက်ရနိုင်မလဲ အကြောင်းကြားပါတယ်။ သူတို့ဌာနက ကျန်းမာရေးကိုင်တာတဖွဲ့၊ ရိုးရိုးအလည်အပါတ်လာတဲ့သူကိုင်တာတဖွဲ့၊ တခြားလည်းအဖွဲ့တွေခွဲထားတာပါ။ ဒါပေမယ့် တလကို တခါအဲဒီအဖွဲ့ထဲကလူတွေပြောင်းပါတယ်။ ဒါပေမယ့် ဘယ်လူပြောင်းလို့မှကျွန်မအဆင်မပြေခဲ့ဘူးဆိုတာ မရှိပါဘူး။ မေးရင်မေးတဲ့အချိန်မှာ မပြီးသေးရင်တောင်ကျွန်မစိတ်ကျေနပ်လောက်တဲ့ အဖြေမျိုးကိုရပါတယ်။ တချို့ဌာနတွေလိုဖုန်းဆက်မေးရင် ဆူအောင့်ဖြေတာတို့၊ မပြီးသေးဘူးဆို ဂွပ်ခနဲဖုန်းချတာမျိုး ကျွန်မမကြုံခဲ့ပါဘူး။ အဲဒီလိုမျိုးသာ အစိုးရဌာနတိုင်းကအလုပ်လုပ်မယ်ဆို ကျွန်မတို့ပေးရတဲ့ လာဘ်ငွေ နည်းနည်းကိုကျွန်မတို့ဂရုစိုက်ဖို့မလိုဘူးလို့ထင်ပါတယ်။ (လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါတယ်။)
အဲလိုမှမဟုတ်ဘဲ လာဘ်ငွေလည်းပေးရသေး၊ အလုပ်ကိုလည်းအလုပ်နဲ့တူအောင်မလုပ်၊ ပြည်သူလူထုကိုပါ မထေမဲ့မြင်လုပ်လာရင်တော့ ဒီလိုအလုပ်မဖြစ်တဲ့ဝန်ထမ်းမျိုးကို လာဘ်ပေးပြီး အသက်ဆက်မယ့်အစား တနည်းနည်းနဲ့ဒီစနစ်ကဖယ်ထုတ်ပစ်နိုင်ရမှာပါ။

လုံးဝလာဘ်ပေးလာဘ်ယူစနစ်ပပျောက်သွားဖို့ဆိုရင်တော့ သိပ်မလွယ်လှသေးပါဘူး။ လျှော့နည်းသွားအောင်လုပ်ဖို့ကတော့ ပြည့်သူဝန်ထမ်းတွေလာဘ်မယူပဲ ရပ်တည်လာနိုင်မှဖြစ်မှာပါ။ လောလောဆယ်ငွေကြေးလည်း မဖောင်းပွအောင် လစာလည်းတိုးစရာမလိုဘဲ လုပ်လို့ရမယ့်နည်းတွေကတော့
၁) ဆန်၊ ဆီပေးတဲ့စနစ် (အိမ်ထောင်ရှိသူနဲ့ အိမ်ထောင်မရှိသူခွဲပြီး ဆန်လုံလုံလောက်လောက်ပေးဖို့ပါ။ သာမာန်ဆန်မျိုးဆိုရင်ပဲရပါပြီ။ သိပ်တတ်နိုင်တဲ့ မိသားစုကပေါ်ဆန်းနဲ့လဲစားလိမ့်မယ်။ ဆီဆိုလည်း စားသုံးဆီလောက်ပေးနိုင်တာပဲ။ မိသားစုလုံလောက်ဖို့တော့လိုတာပေါ့)
၂) ၀န်ကြီးဌာနတွေမှာ အစိုးရသက်သာဆိုင်တွေဖွင့်ပြီး လူသုံးကုန်ပစ္စည်းတွေကို ခွဲတမ်းနဲ့ ရောင်းချပေးတဲ့စနစ်။ (အရင်တုန်းကလည်းလုပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သက်သာဆိုင်ကိုင်တဲ့လူကြီးတွေ ရောင်းစားတာနဲ့ကုန်ရော။ သေသေချာချာ စစ်ဆေးပြီး အဲဒီအတွက်ဝန်ထမ်းသတ်သတ်ခန့်ထား၊ အုပ်ချုပ်တဲ့ လူကြီးတွေကို မတူညီတဲ့ဌာနတွေကနေခန့်ထားတာမျိုး လုပ်ပေးရင်ရမှာပါ။ လုပ်ချင်စိတ်ကလေးပဲလိုတာပါ။)
၃) တနှစ်မှာ ၃ခါလောက် ကလေးပညာသင်စရိတ်ထောက်ပံ့ပေးတာမျိုး။ (ဒီလိုရာသီအလိုက်ပေးတာမျိုးက လစာတိုးပေးတာလောက်တော့ ငွေကြေးဖောင်းပွမှာမဟုတ်ပါဘူး။)
ဒါတွေကဥပမာတွေပါ။ ကုန်ကျမယ့်စရိတ်၊ ပြန်ရမယ့်အကျိုးကျေှးဇေူးကိုတွက်ပြီး အဆင်ပြေမယ့်နည်းလမ်းကိုသုံးနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့နိုင်ငံရေးအရဖြစ်နိုင်မယ့်၊ ဘေးထွက်ဆိုးကျိုးနည်းမယ့် အစီအမံမျိုးကိုစဥ်းစားပြီး သေသေချာချာလုပ်ပေးနိုင်ရင် အစိုးရ၀န်ထမ်းတွေရဲ့ဘ၀တိုးတက်လာနိုင်ပါတယ်။ အစိုးရဆီမှာအမှုထမ်းချင်တဲ့လူငယ်တွေလည်း များလာပါလိမ့်မယ်။ အဲဒါဆိုရင် အတွေးအခေါ်အသစ်၊ စိတ်ကူး အသစ်တွေ အစိုးရဌာနထဲကိုရောက်လာနိုင်တာပေါ့။ ချက်ချင်းလက်ငင်းဝုန်းခနဲဆို ရွှေပြည်ကြီးကိုတည်ဆောက် လို့မရပေမယ့် တဖြည်းဖြည်းချင်းနဲ့တော့ တိုးတက်လာဖို့မျှော်လင့်လို့ရပါတယ်။

I read a World Bank blog about combating corruption in India by using zero-denominated note initiated by the organization called 5th Pillar. By giving out this note to a corrupted public service, the Indian people show their disgust over corruption. You can read the full detail here. http://blogs.worldbank.org/publicsphere/paying-zero-public-services
Having read this, I was thinking whether we can use the same strategy in Myanmar. Do you think we can do the same in Myanmar? Let’s see. In India, even a low level public servant can earn up to the amount by which he can live. Their salary can cover most of their expenses. If one becomes an administrative officer in a town, he gets his own place as well as some servants. If he becomes here to province level, he might be treated like a king. (I am not talking about the officers from military or police commission in India.)

Let’s turn to Myanmar where most of the low level public servants do not earn enough even for the food. Previously, I was working in a public health project where my supervisors are foreigners. I used to go to the Immigration Dept in Yangon to extend their visa. I was asked to pay 500 Kyats (around 0.5 USD) for one-time service fee. I knew that they added up all the money from the visitors every day and divided among them. I think (not sure) the head of the dept might get more than others. I don’t think each officer get merely 1,000 Kyats per day. Except from the Director-level officer, officers at that dept got the salary ranging from 40,000 Kyats (around 40 USD) to 50,000 (around 50 USD). So, if one officer get 1,000 Kyats (under the table) plus the salary, his/ her total income will be 70,000 – 80,000 Kyats (estimated from 70 USD to 80 USD). I was staying in a hostel then and I don’t have any dependants. My total expense for one month is around 100,000 Kyats (100 USD). If I deduct the hostel fee, 12,000 Kyats, other expenses will be 88,000 kyats (around 88 USD). Then, how an officer can have a prosperous life with an income of around 80 USD? How can they lead a peaceful life if the officer marries the low-level public servant like him and has some children too? It would be difficult for them even to have two meals a day if they didn’t take the money under the table.

I am not telling that CORRUPTION is good. It is something we should combat. Life will be pleasant without corruption. Social welfare will increase. But think about the root cause why the public servants are corrupted. They do not have enough income to cover their family expenses. The government frequently increases their salaries officially. But together with the pay rises, the price level goes up. The inflation becomes the biggest problem. Empirical evidence says that Myanmar is the only country in South East Asia where the government servant salaries are increased 70 times higher during 20 years. But the inflation associated with this pay rises have never been addressed properly. People expectations also contribute to inflation a lot. When the pay for public servants is increased, they anticipated the inflation to be higher. Then, the people with extra money holdings buy rice, oil and other basic needs for keeping. Demand increases when the supply of the goods cannot increase in a short time. The prices go up. Then, the burden goes to the low-income families who cannot store things for the future and who has to pay for same price for reduced quantity as their wages do not increase in a short period. That has happening time after time and inflation never goes down. Hence, the main problem, like I said, is high inflation. To address this problem, the country needs economic reform and banking-sector reform which are costly and which cannot happen in a short while.

So please stop talking that public officers in Myanmar are immoral and corrupted. If they are not corrupted, they cannot survive. All people are fighting for their survival. Most importantly, we need to have the corrupted servants which do their jobs well. I still remember, in a conference, a prestigious professor talking about ‘productive corruption vs unproductive corruption’. Most of the Asia countries have corrupted bureaucratic structure. Even some in the west. But we need to acknowledge productive corruption in which the officers provide satisfactory service to the public taking the under-table money (or tea money.) In contrast, unproductive corrupted officers need to be kicked out of the system as they are just the holes through which the government’s budget and the society’s money are draining. Let’s talk about the Immigration Dept I used to go. In that Dept, there are different groups for different type of foreigners_ tourists, foreign government officers, embassy officers, foreigners related to Ministry of Health. The officers in each group are not permanent but they rotate internally. But regardless of with whom I worked with, I never had the difficulty getting my job done. Like I said, I had to pay 500 kyats (for one passport). Whenever I called their department to enquire about the application process, they never showed impatience. They answered politely, called to Nay Pyi Taw if necessary, called me back to inform the process and let me know by when I could possibly get the passport/s back. Even I had to pay 500 kyats, I got the satisfactory service. (I don’t know all the officers from Ministry of Immigration, Emigration and National Registration but I am talking about the officers I met at that department.) I know there are public officers who hang up on the public and are rude to the people and do not do their work effectively. But if all the public officers are like the ones from the Immigration Dept I mentioned, I think we should not mind paying for a small amount. Just regard this as a reward. (Feel free to disagree.)

If we want to address the problem of corruption in Myanmar, the only way is to make the public officers be able to live on their own income. There are some ways to improve the lives of public servants by changing their incentive structures. We need to change their incentives, meaning that they need to be better rewarded for their service. But this reward should come without inflation, like pay rises. Here are some examples.
1) Rationing rice/ cooking oil (To provide the public servants with some amount of rice and cooking oil differently to the singles and the marrieds)
2) Governments discount shops selling basic necessities to public servants (To have a proper check-and-balances system unlike the ones we had before.)
3) Seasonal bonus or allowance for children’s education (Not to have the inflation effect like pay rises.)

We can use the most politically feasible strategy which benefits also cover the costs. Those are just the examples which can be used to improve incentive structure of public servants, reduce corruption and thereby increasing social welfare. And this will also attract some young people to enter public service. They might later provide creative and innovation ideas and the public service can even improve further. Without a need to have a big REFORM, we can still CHANGE BIT BY BIT for our country to be better.

Haymar
The image is taken from Google Images.

Feb 16, 2010

မီဒီယာ Media

ပြီးခဲ့တဲ့ နှစ်ဝက်တုန်းက ကျောင်းမှာ Politics and Policy in South East Asia ဆိုတဲ့ ဘာသာရပ်ကိုယူတော့ အပါတ်စဉ်နိုင်ငံတနိုင်ငံချင်းစီကျောင်းသားတွေက Presentation လုပ်ပြီး တဖွဲ့စီ ခေါင်းဆောင်ဆွေးနွေး ရပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံအကြောင်း Presentation လုပ်မယ့်အုပ်စုထဲမှာ ကိုယ်မပါရပါဘူး။ သဘောက မြန်မာပြည်ကလူကို မြန်မာပြည်အကြောင်း Presentation ထဲမှာ မထည့်ဘူးဆိုတဲ့သဘောပါ။ ၀င်ပြောလို့ တော့ရပါတယ်။ အဲဒီမှာမြန်မာပြည်အကြောင်း တင်ပြတဲ့အဖွဲ့က မြန်မာသံရုံးကသံအမတ်ကြီးကိုသွားတွေ့ အင်တာဗျူးလုပ်လာတဲ့အပြင် ရွှေဝါရောင်တော်လှန်ရေးအတွင်းက စင်္ကာပူမီဒီယာတခုက (Channel News Asia လား။ Mediacorp နာမည်နဲ့လား အသေအချာမမှတ်မိပါ။) စင်္ကာပူမှာအလုပ်လုပ်နေတဲ့သူတချို့ကို တွေ့ဆုံမေးမြန်းထားတာတွေကိုပါ Youtube ပေါ်ကနေဆွဲပြီး တွဲတင်ပြလာပါတယ်။ ဒါပေမယ့် အဲဒီမှာအင်တာဗျူးအလုပ်ခံရတဲ့သူက ဘာပြောလဲဆိုတော့ မြန်မာနိုင်ငံမှာလူတွေဆင်းရဲလွန်းလို့ တချို့လူတွေဟာ တလ US ၂ ဒေါ်လာအောက်ဝင်ငွေနဲ့ နေထိုင်စား သောက်ရပါသတဲ့။ ပြောတဲ့သူက အမှတ်တမဲ့ ရက်နဲ့ လကိုမှားပြောသွားတာလား။ အင်္ဂလိပ်စာ မကျွမ်းကျင်မှုကြောင့်လားတွေးမိပေမယ့် တခြားနိုင်ငံသားတွေရဲ့အမြင်မှာ အရမ်းကိုဆိုးရွားသွားတဲ့ အနေအထား တခုပါ။ တွက်ကြည့်ပါ။ လူတယောက်ဟာ ဆန်ပြုတ်ချည်းပဲနေ့တိုင်းသောက်နေနိုင်ရင်တောင် တနေ့ ၂နပ်နဲ့တွက်၊ တနေ့ ၄၀၀ကျပ်လောက် အကြမ်းဖျင်းကျပါတယ်။ (ဒါတောင်ဆန်ပြုတ်ပဲသောက်ရရင် လူတယောက် ၂နပ်နဲ့မ၀နိုင်ပါဘူး) တလကို ၁၂၀၀၀ ကျပ်။ အပြင်ပေါက်ဈေးနဲ့ USD ၁၂ ၀န်းကျင်ကုန်ကျပါတယ်။ ဘယ်လိုလုပ် လူတယောက်တလ US ၂ ဒေါ်လာနဲ့နေမလဲ။

နောက်တခါ သူကဘာပြောသွားလဲဆိုတော့ အခုစစ်အစိုးရအုပ်ချုပ်တဲ့ နှစ် ၂၀အတွင်းမှာနိုင်ငံကဘာမှ တိုးတက်မလာပါဘူးတဲ့။ တိုးတက်သင့်သလောက်မတိုးတက်လာဘူးဆိုတာဟုတ်ပါတယ်။ နိုင်ငံရဲ့ သယံဇာတတွေ၊ မြေလွတ်မြေရိုင်းတွေ၊ တိုးတက်လာတဲ့လူဦးရေတွေနဲ့တွက်ရင် ဒီထက်ပိုပြီးတိုးတက်အောင် လုပ်လို့ရတာအမှန်ပဲ။ ဒါပေမယ့် လုံးဝတိုးတက်မလာဘူးဆိုတဲ့ ကိစ္စကိုတော့ လက်မခံနိုင်ပါဘူး။ ဒါ့အပြင်အဲဒီ အင်တာဗျူးမှာ ၁၉၉၅ ခုနှစ်လောက်တုန်းက ဘတ်စ်ကားတွေနဲ့ လူတွေနေထိုင်သွားလာမှုပုံစံတွေကို ပြထားပြီး အနှစ်၂၀ကျော်အတွင်းမှာ ကူးသန်းသွားလာရေးကတိုးတက်မလာပါဘူးလို့ ပြောထားပါသေးတယ်။ ဒီနှစ် ၂၀အတွင်းမှာဆောက်ထားတဲ့ တံတားတွေ၊ ဖောက်ထားတဲ့ လမ်းတွေ အရေအတွက်ဘယ်လောက်ရှိတယ်လို့ ပြောရင် ကျွန်မကိုစစ်အစိုးရအလိုတော်ရိလို့ လက်ညှိုးဝိုင်းထိုးကြလိမ့်မယ်။ ဒါပေမယ့် ဒါကျွန်မအတွေ့အကြုံနဲ့ ယှဉ်ပြီးပြောတာပါ။ ကျွန်မတို့ပုသိမ် - ရန်ကုန်လမ်းမှာ အရင်တုန်းက ဗိုလ်မြတ်ထွန်းတံတားမရှိတဲ့အတွက် ရန်ကုန်သွားရင် ကားတွေကဇက်ကူးရပါတယ်။ ကားတွေကိုယ်တိုင်ကူးရင်ကူး။ မဟုတ်ရင် အများသုံးဘတ်စ် ကားတွေဆိုရင် ဒီဘက်ဆိပ်မှာလူတွေကဆင်း၊ ဇက်နဲ့ကူးသွားပြီး ဟိုဘက်ကမ်းမှာအသင့်စောင့်နေတဲ့ကားပေါ် ပြောင်းတက်ရပါတယ်။ အထုပ်အပိုးများတဲ့သူဆို အဆင်မပြေတဲ့ခရီးပါ။ ဒါ့အပြင် အသွားအပြန်ဇက် ၂စင်းလောက်ပဲရှိလို့စောင့်ရတော့ အချိန်ကြန့်ကြပါတယ်။ တခါတလေဆို ရန်ကုန်-ပုသိမ်ခရီးက ၈နာရီ ၉နာရီ ကြာပါတယ်။ အဲဒီတော့အလျင်မလိုတဲ့လူအများစုကတော့ သင်္ဘောနဲ့သွားပါတယ်။ ပုသိမ်ကနေ ညနေ ၅နာရီ လောက်သွားရင် နောက်နေ့မနက် ၉နာရီ ၁၀ရောက်ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကစပြီး ဗိုလ်မြတ်ထွန်းတံတား ဖွင့်ပြီးတဲ့နောက်ပိုင်း ရန်ကုန်-ပုသိမ်အသွားအပြန်ခရီးဟာ ၄နာရီပဲကြပါတယ်။ ကိုယ်ပိုင်ကားနဲ့ပုံမှန်မောင်းရင် ၃နာရီ ခွဲအတွင်းရောက်ပါတယ်။ အဲဒီလိုအသစ်ဆောက်တဲ့ လမ်း၊ တံတားတွေကြောင့်လမ်းပန်းဆက်သွယ်ရေး လွယ်ကူလာပြီး အရင်ကထက်စာရင် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းတွေတိုးတက် လာတဲ့မြို့တွေအများကြီးရှိမှာပါ။ နယ်စပ်ဒေသတွေမဖွံ့ဖြိုးသေးတာ၊ တိုးတက်ဖို့လိုနေတဲ့နေရာတွေ ကျန်နေသေးတာလည်း လုံးဝအမှန်ပါပဲ။ ဒါပေမယ့် ဒီနှစ်၂၀အတွင်းမှာ လုံးဝမတိုးတက်လာပါဘူးလို့ ခြေကန်ငြင်းရင်တော့ မျက်စိကန်းနေလို့ဖြစ်ပါလိမ့်မယ်။ အစိုးရလုပ်လို့တိုးတက်တာပဲဖြစ်ဖြစ်၊ ခေတ်ရေစီးကြောင်းကြောင့်၊ Globalization ကြောင့် ဘာကြောင့်ပဲတိုးတက်တိုးတက်။ တိုးတက်လာတဲ့ အခြေအနေကိုတော့အသိအမှတ်ပြုစေချင်ပါတယ်။ (ဒီတိုးတက်လာတဲ့အခြေအနေတွေပေါ်မှာ လာဘ်ပေးလာဘ်ယူမှုတွေရှိနေတာကတော့ နောက်ထပ်ပြဿနာတခုပေါ့။)

နောက်တခုကပိုပြီးကောင်းမွန်ပွင့်လင်းလာတဲ့အခွင့်အရေးတွေပါ။ ဆိုရှယ်လစ်စနစ်က နိုင်ငံခြားကိုထွက်ခွင့်ရတဲ့ လူအရေအတွက်နဲ့ အခုစစ်အစိုးရလက်ထက်မှာနိုင်ငံခြားထွက်တဲ့အရေအတွက်ဘယ်ဟာကပိုများပါသလဲ။ အဲဒီတုန်းကမတိုးတက်သေးလို့၊ လူတွေကအမြင်မကျယ်သေးလို့လို့ မငြင်းပါနဲ့။ တံခါးပိတ်ဝါဒကြောင့်လည်း အများကြီးပါပါသေးတယ်။ ဒီစကားတွေကိုပြောနေလို့ စစ်အစိုးရလုပ်သမျှကောင်းနေတာပါလို့ ပြောနေတာမဟုတ်ပါဘူး။ ဒါပေမယ့် အရှိကိုအရှိအတိုင်းတော့ လက်ခံကြစေချင်ပါတယ်။

အခုလောလောဆယ်မှာကျွန်မတို့အားကိုးနေတဲ့မီဒီယာ ၂ခုရှိပါတယ်။ ပြည်တွင်းမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ကြည့်နေ၊ နားထောင်နေရတဲ့ အစိုးရအုပ်ချုပ်တဲ့မီဒီယာပါ။ နောက်ပြည်ပကနေပေါင်းစုံရေးသားနေကြတဲ့ မီဒီယာတွေပါ။ ၂ဘက်စလုံးကိုအစွန်းရောက်နေတယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာအမှန်အတိုင်းလွတ်လွတ် လပ်လပ်မရေးနိုင်၊ မပြောနိုင်ပဲ ဆင်ဆာကိုကြောက်နေရပါတယ်။ မြန်မာ့ရုပ်မြင်သံကြား၊ မြ၀တီနဲ့ မြန်မာ့အလင်းတွေက အစိုးရလုပ်တာမှန်သမျှအကောင်းရေးပြီး သတင်းတွေကိုကွယ်ဝှက်ထားပါတယ်။ တချိန်တည်းမှာပဲ ပြည်ပမီဒီယာတွေက စစ်အစိုးရကမကောင်းဘူးဆိုတဲ့ရပ်တည်ချက်ကိုယူထားပြီး စစ်အစိုးရလုပ်သမျှအပြစ်တွေကိုစောင့်ကြည့်ထုတ်လွှင့်ပေးပါတယ်။ စစ်အစိုးရလုပ်နေတဲ့အထဲက ဒီတခုကတော့မဆိုးဘူးဆိုတဲ့ ပြောဆိုချက်မျိုးကိုမတွေ့ရသလောက်ရှားပါတယ်။ ကျွန်မအမြင်တော့ မီဒီယာဆိုတာအမြင်အတိုင်းတင်ပြရမှာပါ။ (သရော်စာတို့၊ သုံးသပ်ချက်တို့က တကဏ္ဍပေါ့။) အခုတော့ ကျွန်မတို့ပြည်သူတွေမှာ ဒီမီဒီယာကြည့်ရင် တမျိုး၊ ဟိုမီဒီယာကြည့်ရင်တမျိုး။ အဆိုးဆုံးကတော့ ပြည်ပမီဒီယာတွေရဲ့ မြန်မာနိုင်ငံအပေါ်ရုပ်လုံးဖော်တဲ့အနေအထားဟာ မြန်မာနိုင်ငံကိုမရောက်ဖူးတဲ့ နိုင်ငံခြားသားတွေဆိုရင် မြန်မာနိုင်ငံကို မြောက်ကိုရီးယားလောက်နီးနီးထင်သွားကြတာပါ။ ကျောင်းမှာ ကျွန်မတို့ကို ဥရောပဘက်ကလာတဲ့ကျောင်းသားတွေကမေးကြပါတယ်။ နင်တို့ကစစ်တပ်နဲ့ဘာတော်လို့ အခုလိုအပြင်ထွက်ပြီး ပညာသင်ခွင့်ရတာလဲတဲ့။ ပြီးရင် မြန်မာပြည်ပြန်လို့ရရဲ့လားတဲ့။ မြန်မာနိုင်ငံဆိုရင် လူတွေကဆင်းရဲစုတ်ပြတ်၊ လမ်းတွေကဆိုးဆိုးဝါးဝါး၊ လူတွေကကျီးလန့်စာစား၊ စစ်တပ်ကသေနတ်ကိုင်ပြီး နေရာတိုင်းလျှောက်သွားနေ အဲဒီလိုမျိုးကိုထင်နေကြတာပါ။ အဲဒါကြောင့် ပြည်တွင်းမှာရှိတဲ့ မီဒီယာရော၊ ပြည်ပမှာရှိတဲ့မီဒီယာရော အရှိကိုအရှိအတိုင်းတင်ပြစေချင်ပါတယ်။ ပြည်တွင်းမီဒီယာအခြေအနေက အခုအချိန်မှာပြောင်းလဲဖို့မဖြစ်နိုင်သေးတဲ့အခါ ပြည်ပမီဒီယာတွေက တကယ်ကိုပြည်သူတွေစိတ်ချ ယုံကြည်အားကိုးရလောက်တဲ့အနေအထားဖြစ်လာရင် အရမ်းကောင်းမှာပါ။

Last semester, I took the module called ‘Politics and Policy in South East Asia’ in which each group of students had to do presentation about a country in SEA. But the native students from a particular country were not assigned for that country. For instance, the Malaysian students were not in the presenting group of Malaysia. On the week of Myanmar presentation, that group went to interview with Myanmar ambassador as well as attached a video from Youtube to their presentation. The video was an interview with some Myanmar workers in Singapore during Saffron Revolution (I don’t remember whether it is from the Channel News Asia or Mediacorp). The interview, a male worker, talking about the poverty of the population inside the country, mentioned that some people were so poor that they were living below the income of USD 2 per month. See, even if a person can only have congee everyday without any side dish, it will cost around 400 Kyats for two times per day and 12,000 Kyats (around USD 12 according the recent black market rate) per month. But it’s highly unlikely that a person can eat congee every day. How can a person live under USD 2 per month?

And then, he said that there had been no infrastructure development under this military government during past 20 years. The video included some snapshots of the buses and people travelling from the year of 1995 and claimed that the present situation remained the same. Okay, it can be acceptable if someone argues that there should have been more developments than there are at present, given the rich natural resources and increasing population. But I cannot accept this sentence of NO development. If I point out the numbers of roads and bridges built after 1988, people may accuse me of allying with the military government (SPDC). But it is the truth that people cannot deny. I have my person experience of having benefited from a bridge which is built on the road to the capital from my hometown, Pathein (Bassein). Previously before the construction of the bridge, it took around 8 or 9 hours to reach to the capital from my hometown. The Irrawaddy River is around the half way. The ferries were used to move people and cars to the other side of river bank. For the people using express buses, one bus had to wait from the other side and picked up the people. But the ones with heavy luggage were not that convenient to travel alone. If the ship journey was taken, it took the whole night from my hometown to the capital. So, only the people who were not that in a hurry could take this route. After the Bo Myat Tun Bridge had constructed at that river crossing, the transportation improved a lot and it took only around 4 hours to travel between two cities. The private car can even make it in 3 hours. It surely improved the education, health, economic and social opportunities of the areas located along the new roads and near the new bridges. It is deniable that there still remains many places including border areas which need a serious care for development. But still, we cannot neglect the fact that we can see quite amount development efforts during these years. (Corruption related to these efforts is another issue.) We need to acknowledge the certain things if they are true.

Another thing is the increasing opportunities. Comparing with the Socialist Era of General Ne Win, there have been more people who can go out of the country for education and economic opportunities. Be there it is globalization or whatever the reason is; we need to know the difference between the closed-economy and open policies.

Myanmar people have basically two kinds of media. The first one is the government-managed media inside the country. This one talks about the government actions from the bright side. Other mistakes, policy errors, corruption and hideous crimes are hidden. The second one, the collective media from outside of the country, talks only about the dark side of the military government. Most of the media from the outside are anti-military regimes and politically biased. Hence, they do not clap even when the government is doing something positive. Both of them are at two extremes. For the common public, it’s very confusing to have two media which have two very different directions. And the foreigners and people who have never been to Myanmar only have access to these foreign and out-country online media. They thought of Myanmar as the second North Korea which closed everything. Some of them even imagined the Myanmar people being so poor, the bad transportation, and the soldiers holding the guns and walking around the streets. In my school, people, especially from Europe and the West, asked me whether I had some relation with the military or whether I came from elite family in Myanmar as I could come out and study in a foreign country. I am not here talking about to say that these media from the outside of the country are bad, or even worse than the one inside the country. BUT, we need the transparency to inject into the media. Please have the balanced news for constructive ideas and views on what the government is doing as well as the mistakes. And please also have the feasible recommendations to the government. Given the current critical situation, the government-managed media will not change in a short while. So, I wish we, Myanmar people, could rely on the out-country media for the sources of the news. I wish that these media can provide the transparent and politically-neutralized news which is also of the real source.

Haymar

Feb 14, 2010

စာသင်သားမှတ်စု - သယံဇာတကျိန်စာ “ရေနံ”

မနက် ၂ နာရီကျော်ပြီမို့ စာဖတ်ရင်း အတွေးနယ်ချဲ့နေမိသည်ကိုလက်စသတ်ရင်း မှတ်စုရေးဖို့ပြင်ရသည်။ စာအုပ်က Svetlana နှင့် Anya ဆိုသောအယ်ဒီတာ၂ ဦးတည်းဖြတ်သည့် Covering Oil ဖြစ်သည်။ သယံဇာတ ကျိန်စာကို ဘယ်လိုဖြေမလဲ (Lifting the resource curse) ဆိုသည့် Terry Lynn Karl ဆိုသူရေးသားထားသော အခန်းခေါင်းစဉ်က စိတ်ကိုစွဲဆောင်နိုင်လွန်းသည်။
သယံဇာတ ကျိန်စာဟုဆိုသဖြင့် ဒါရိုက်တာကြီး ဂျိန်းစ်ကင်မရွန်၏ ကမ္ဘာကျော်ရုပ်ရှင် avatar ကိုဖြတ်ခနဲ မြင်ယောင်မိသေးသည်။ ရုပ်ရှင် နှင့် လက်တွေ့ တူတာတွေ ကွဲလွဲတာတွေယှဉ်တွေးနေမိခြင်းဖြစ်သည်။ စာရေးသူ Terry က ဓါတ်သတ္တုအပါအဝင် မြေအောက်သယံဇာတများမှ ရေနံကို မူတည်ရေးထားပါသည်။ အဓိက ဆိုလိုရင်းမှာ ဆယ်စုနှစ်လေးစုကြာ ကမ္ဘာ့အတွေ့အကြုံဖြစ်ရပ်များအရ ရေနံတင်ပို့ရောင်းချနိုင်မှု သက်သက်သည် ရေနံကြွယ်ဝသောနိုင်ငံများကို မျိုးဆက်တစ်ဆက်အတွင်း ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအဖြစ်သို့မပြောင်းလဲပေးနိုင်ဟုဆိုသည်။ ယခင်က ရွှေနက်ဟု တင်စားရသော ရေနံသည် ပိုင်ဆိုင်သောနိုင်ငံများအား စီးပွားရေးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုများ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ကျွမ်းကျင်သူများကအတပ်ဟောကြသည်။ ယခုတော့ ထိုယုံကြည်မျှော်လင့်မှုများက
မှန်းချက်နှင့်လွန်စွာလွဲခဲ့လေသည်။ လက်တွေ့တွင် ရေနံတင်ပို့မှုအပေါ်မှီခိုနေသော နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုတွင် ပြဿနာအများဆုံး၊ နိုင်ငံအုပ်ချုပ်ရေးတွင် အာဏာရှင်အဆန်ဆုံး နှင့်နိုင်ငံရေးသဘောကွဲလွဲမှု နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးသော နိုင်ငံများဖြစ်လို့နေသည်ဟု ဆိုသည်။ လယ်ယာကဏထွက်ကုန်များ၊ ထုတ်ကုန်များ အဓိကတင်ပို့သည့်နိုင်ငံများနှင့် ယှဉ်ကြည့်လျှင် ရေနံကဲ့သို့ မြေအောက်သယံဇာတ အရင်းအမြစ်ကြွယ်ဝသောနိုင်ငံများတွင် ဆင်းရဲမှုနှုန်းမြင့်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနိမ့်ခြင်း၊ အဟာရချို့တဲ့ခြင်း၊ ကလေးအသေအပျောက်နှုန်းမြင့်ခြင်း၊
လူ့သက်တမ်းတိုခြင်း နှင့်ပညာရေးနိမ့်ကျခြင်း ရလဒ်များက အံ့အားသင့်ဖွယ်ရာတွေ့ရှိရချက်များဖြစ်နေသည်။
ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်ရေနံသိုက်ပိုင်ဆိုင်ထားသည်ဟု အသိအမှတ်ပြုခံရသော ဆော်ဒီအာရေဗျတွင် လူတစ်ဦးခြင်းနှစ်စဉ်ဝင်ငွေကျဆင်းနေသည်မှာ ၁၉၈၁တွင် အမေရိကန်ဒေါ်လာ၂၈၆၀၀ ရှိရာမှ ၂၀၀၁ တွင် ၆၈၀၀ သို့ရောက်သွားသည်။ နိုင်ဂျီးရီးယားနှင့် ဗင်နီဇွဲလား တွင်လည်းလူတစ်ဦးချင်း နှစ်စဉ်ဝင်ငွေကျဆင်းလျက်ရှိသည်။ အယ်လ်ဂျီးရီးယား၊ အင်ဂိုလာ၊ ကွန်ဂို၊ အီကွေဒေါ၊ ဂါဒွန်၊ အီရန်၊ အီရတ်၊ ကူဝိတ်၊လစ်ဗျား၊ ကွေတာ စသောနိုင်ငံများ၏ဝင်ငွေမှာ လည်း ၁၉၇၀ပြည့်နှစ်များ ၁၉၈၀ ပြည့်နှစ်များမှ ဝင်ငွေအဆင့်သို့ပြန်နိမ့်ကျလျက်ရှိသည်။ ရေနံနှင့် မြေအောက်သတ္တုသယံဇာတများကို အားပြုနေသောနိုင်ငံများ၏ ထိုသို့သော အံ့အားသင့်ဖွယ်ရလဒ်များကို သယံဇာတ ကျိန်စာ (resource curse) ဟုစာရေးသူက ရည်ညွှန်းထားသည်။
သို့သော် သယံဇာတကြွယ်ဝမှုက တစ်ချို့ယူဆကြသလို စီးပွားရေးတိုးတက်မှု နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအနှောက်အယှက် ပေးလိမ့်မည်ဟု ကံသေကံမ ဆိုလိုခြင်းတော့မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သယံဇာတကြွယ်ဝလျက် ဖွံ့ဖြိုးတိုးတက်သွားသော နိုင်ငံများ၏ သမိုင်းအထောက်အထားများစွာကြောင့်ဖြစ်သည်။ ဥပမာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုတွင် ထိပ်တန်းက ဦးဆောင်နေသော အမေရိကန်ပြည်ထောင်စုသည် သတ္တုတွင်းလုပ်ငန်းများတွင် ထိပ်တန်းဖြစ်ခဲ့သည်။ ကနေဒါ၊ သြစတေးလျ၊ ချီလီ နှင့် နော်ဝေးကဲ့သို့သယံဇာတ ပိုင်ဆိုင်သော နိုင်ငံများ၏ ဥပမာလည်းရှိသည်။
သယံဇာတကျိန်စာသည် သယံဇာတကိုပိုင်ဆိုင်မှုကြောင့်သက်ရောက်သည်မဟုတ်ပါ။ ပိုင်ဆိုင်ရရှိထားသောသယံဇာတအပေါ်တွင် မှီခိုလွန်းသောကြောင့်ကျိန်စာမိရသည် ဆိုပါသည်။ ထိုသို့သယံဇာတအပေါ်မှီခိုမှုဆိုသည်မှာတိုင်းပြည်၏စုစုပေါင်း ပြည်ပတင်ပို့ကုန် နှင့် ရေနံ၊ သတ္တုစသော မြေပေါ်မြေအောက် သဘာဝသယံဇာတ တင်ပို့ရောင်းချမှုများကို အချိုးကျကြည့်ခြင်းဖြစ်သည်။
ကျိန်စာမိရခြင်းကိုသုံးသပ်ရာတွင် အကြောင်းလေးချက်ကို အဓိကပြောပါသည်။ ပထမအချက်မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ အတက်အကျလွယ်ကူမြန်ဆန်ခြင်းဖြစ်သည်။ ထိုသို့ဈေးကွက် အတက်အကျမြန်လွန်းခြင်းက နိုင်ငံ၏ စီးပွားရေးဆိုင်ရာပေါ်လစီချမှတ်ရန် ခက်ခဲစေသည်။ ဘဏာရေးဆိုင်ရာစည်းမျဉ်းသတ်မှတ်ခြင်း၊ ပြည်သူ့အသုံးစရိတ်စီမံခန့်ခွဲခြင်း စသော နိုင်ငံတော်ရေရှည်စီမံကိန်းများအတွက် အခက်ကြုံစေသည်။ ထို့အတူ ရင်းနှီးမြုပ်နှံမှု၊ ပြည်သူများအကြား
ဝင်ငွေခွဝေမျှတစေမှု၊ နှင့် ဆင်းရဲမှုပပျောက်စေရေး လုပ်ဆောင်ချက်များကို ထိခိုက်စေသည်။
ဒုတိယအချက်မှာ ဒတ်ခ်ျ ရောဂါ (dutch disease) ဟုအမည်တွင်သောပြဿနာဖြစ်သည်။ နိုင်ငံ၏ငွေကြေးပေါက်ဈေး၊ နိုင်ငံခြားငွေနှင့် လဲလှယ်မှု နှုန်းထားများကို ရေနံတင်ပို့မှုကသာအဆုံးအဖြတ်ပေးသွားပြီး အခြားသော အလားအလာရှိသည့်ပို့ကုန်များ၏ဈေးကွက်ကို ပျက်ပြားစေသည်။ စိုက်ပျိုးရေး လယ်ယာထွက်ကုန်များ၊ ကုန်ထုတ်လုပ်ငန်းများကဲ့သို့ အလားအလာရှိသောလုပ်ငန်းများကို ရေနံတင်ပို့မှုလုပ်ငန်းက (crowd out) ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။ အချိန်ကြာလာသောအခါ ရေနံမဟုတ်သော အခြားကုန်ထုတ်လုပ်ငန်းများ၏ဈေးကွက်ပြိုင်ဆိုင်မှု အရည်အသွေး ဆုံးရှုံးသွားရသည်။
တတိယအချက်မှာ လုပ်သားများ၏ ကျွမ်းကျင်မှုအရည်အသွေးနိမ့်ကျမှု နှင့်အလုပ်အကိုင်အခွင့်အလမ်း မညီမျှမှုများ မြင့်မားလာခြင်းဖြစ်သည်။ ရေနံနှင့် သတ္တုလုပ်ငန်းသာ အဓိကဖြစ်ထွန်းပြီး တခြားစီးပွားရေးလုပ်ငန်းများမဖွံ့ဖြိုးသောအခါ ရေနံ နှင့် သတ္တု လုပ်ငန်းနှင့်ပတ်သက်သော ကျွမ်းကျင်သူများသာအလုပ်ဖြစ်ကြသည်။ ထို့ပြင် ထိုလုပ်ငန်းများမှ ထူးချွန်ပြီးသူများကိုသာ နိုင်ငံရပ်ခြားသို့စေလွှတ်ကာ ပညာတိုးသင်စေခြင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သူများကို ခေါ်ယူခန့်ထားခြင်း စသည်တို့က “လုပ်ရင်းနှင့် သင်ယူ ကျွမ်းကျင်” ဟူသော အနှစ်သာရကို ပျောက်သွားစေသည်။
စတုတ္ထနှင့် နောက်ဆုံးအချက်မှာ အခွန်ကောက်ခံခြင်းနှင့်ပတ်သက်သည်။ အစိုးရမှ အခွန်ကောက်ခံသည်ဆိုသည်မှာ အထက်ဖေါ်ပြပါ မညီမျှမှုများကို ရေချိန်ညှိပေးရန်ကြိုးစားခြင်းဖြစ်သည်။ ဝင်ငွေများသူများထံမှ အချိုးကကောက်ခံရရှိသောအခွန်ငွေများကို ပြည်သူများထံ အစိုးရအသုံးစရိတ် အမတော်ကြေးများအဖြစ်ဖြင့် ပြန်လည်ခွဲဝေပေးခြင်းဖြစ်သည်။ သည်နေရာတွင် ရေနံ နှင့်တွင်းထွက်သတ္တုလုပ်ငန်းများသည် အရင်းအနှီးများသော၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားသားပိုင်သော လုပ်ငန်းကြီးများဖြစ်လေ့ရှိသည်။ ယေဘူယျအားဖြင့် သက်ဆိုင်ရာနိုင်ငံ အစိုးရ ပိုင်လုပ်ငန်းများအဖြစ်သော်လည်းကောင်း တိုက်ရိုက်ချိတ်ဆက်လုပ်ကိုင်လေ့ရှိသဖြင့် ထိုလုပ်ငန်းများမှ ရသမျှမှာ
အစိုးရဝင်ငွေအဖြစ်သာ တိုက်ရိုက်သွားလေ့ရှိသည်။ ထိုသို့ဖြစ်စဉ်က တခြားထွက်ကုန်များနှင့် ရေနံထွက်ကုန်များအကြား အခွန်နှုန်းထားမတူညီမှုစနစ်ကို ဖြစ်စေသည်။ သို့ဖြင့် အခွန်ကောက်ခံမှု၊ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုမှု၊ အစိုးရ၏ တာဝန်ခံနိုင်မှု စသည့်တို့အကြားက အရေးကြီးသော ဆက်နွယ်မှုကို ပျက်ပြားစေသည်။
အကြံပေးချက်များက ရှင်းသည်။ ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်ရန် ရန်ပုံငွေတစ်ရပ်သီးသန့်ထားပါ။ နိုင်ငံ၏ စီးပွားရေးကို ပွင့်လင်းမှုရှိစေပြီး နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်ကို ကောင်းမွန်သော ငွေကြေးပေါ်လစီများဖြင့်ထိမ်းပါ။ ပညာရေှးနှင့် အတတ်ပညာကျွမ်းကျင်မှုကို ဇောင်းပေးကာ လူသားသယံဇာတကို ပျိုးထောင်ယူပါ။ အခွန်ကောက်ခံမှုဆိုင်ရာ ဥပဒေသစ်များပြဌာန်းရန်လိုပြီး ပွင့်လင်းထင်သာရှိသော စနစ်တစ်ရပ်ကိုတည်ဆောက်ပါ။ သိသာသည်မှာသည်လုပ်ငန်းများအတွက် သက်ဆိုင်ရာ နိုင်ငံ အစိုးရ၏ အခန်းကဏ အလွန်ရေးပါနေခြင်းဖြစ်သည်။
အရမ်းအရေးပါသောမေးခွန်းမှာ ဖေါ်ပြပါ နိုင်ငံရေးတည်ငြိမ်မှုနဲသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အစိုးရများက ထိုသို့ထိရောက်သော ဦးဆောင်မှုနှင့် ဥပဒေများချမှတ်နိုင်ရန် မည်သို့၊ မည်မျှ မျှော်မှန်းနိုင်ပါမည်နည်း။ မပြေးသော်ကံရာရှိဆိုသလို ငြင်းမရသော အချက်တစ်ခုမှာ ထိုသို့ သယံဇာတ ကျိန်စာမိနေသောနိုင်ငံများတွင် ပြည်သူ့မူဝါဒဖေါ်ဆောင်မည့် အုပ်ချုပ်ရေးအဆောက်အဦ အားနည်းနေတတ်ခြင်းဖြစ်သည်။ ရေနံ ကြွယ်ဝမှုကပင်အားနည်းချိနဲ့စေခြင်းဖြစ်သည်။ အာဏာရှင်ဆန်သော အစိုးရများက ရေနံမှရသော ဝင်ငွေကိုသုံးကာ အာဏာတည်မြဲနေနိုင်ဖို့ ကြိုးစားသည်။ ဆန့်ကျင်ဘက် အင်အားစုများ ပေါ်မလာနိုင်အောင်ကာကွယ်သည်။ စစ်တပ်ကိုအင်အားကောင်းစေပြီး အများကို ဖိနှိပ်နိုင်မည့်နည်းလမ်းများ တည်ဆောက်နိုင်သည်။ ထိုသို့သော အစိုးရများသည် အစိုးရသက်တမ်းလည်းရှည်တတ်ကြသည်။
ရေနံကြွယ်ဝမှုကြောင့် ပျားရည်အိုး အဖြစ်တင်စားလို့ရသောနိုင်ငံများတွင် မူဝါဒရေးရာ မအောင်မြင်မှုများလည်းများသည်။ ပြည်သူ့မူဝါဒများသည် ပြည်သူ့ကို ကိုယ်စားပြုရာမရောက်ပဲ လုပ်ငန်းရှင် အာဏာရှင်များ၏ အကျိုးကို ကိုယ်စားပြုသွားတတ်သည်။ ပြည်သူ့ဝန်ထမ်းများ အကျင့်ပျက်ချစားရန်တွန်းအားဖြစ်တတ်သည်။ လေ့လာချက်တစ်ခုအရ (ကနေဒါနှင့် နော်ဝေးကို ထည့်တွက်လျှင်ပင်) ရေနံတင်ပို့သောနိုင်ငံများတွင် ယေဘူယျအားဖြင့် လာဘ်ပေးလာဘ်ယူပြုမှု
သိသာစွာပိုများသည်ဟုအဖြေပေါ်သည်။ ထိုသို့ချစားမှုများက ပြည်သူ့ကိုကိုယ်စားပြုသည့် မူဝါဒအခွင့်အလမ်းများကို ပျက်ယွင်းစေခြင်းဖြင့် သယံဇာတကျိန်စာကို သက်ဆိုးရှည်စေသည်။
တစ်ဖန် ရေနံဝင်ငွေကိုသုံးကာ အာဏာတည်မြဲစေရန်ကြိုးပမ်းမှုများ၊ နိုင်ငံရေးနှင့်ပတ်သက်သော စီးပွားရေးဘက်လိုက်အရေးပေးမှုများက စီးပွားရေးကဏကို ပုံပျက်စေပြီး ရင်းနှီးမြုပ်နှံမှုများအကျိုးဖြစ်ထွန်းမှုကို နည်းစေသည်၊ အကျိုးစီးပွားကာကွယ်မှု ဥပဒေများ၏နောက်ကွယ်မှ အနှောက်အယှက်များဖြင့် စီးပွားရေးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှုများကို ဟန့်တားသည်။ အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ရေးရာ ပျက်ပြားနေပါက နိုင်ငံခြားငွေအကူအညီများက သယံဇာတကျိန်စာကို သက်ဆိုးရှည်စေရုံသာရှိပြီး အဆုံးတွင် တိုးတက်ဖွံ့ဖြိုးမှုပြိုလဲပြီး ကာလကြာရှည်နိုင်ငံမငြိမ်သက်မှုများသာ ကြုံစေသည်။ ရေနံတင်ပို့သောနိုင်ငံအချို့တွင် ပြည်တွင်းစစ်များထပ်ကာထပ်ကာဖြစ်လွယ်ခြင်းက ငြင်းမရသောအချက်ဖြစ်နေသည်။ သည်အချက်များကြောင့် ရေနံကို သယံဇာများတွင် အဆိုးဆုံးကျိန်စာဖြစ်သည်ဟု စာရေးသူက အတိအလင်းဆိုထားပါသည်။

ခုတော့ “ဌာနေ ဂြိုလ်သားအရိုင်းတွေကို ငါတို့စိတ်မဝင်မစားပါဘူး .. တစ်ကီလိုကို ဒေါ်လာသန်းနှစ်ဆယ်ပေါက်ဈေးရှိတဲ့ ဟောသည် သတ္တုလေးအတွက် ငါတို့ဒီကိုရောက်နေတာပါ။ ငါတို့တဖွဲ့လုံးကိုလခပေးထားတာ ဒါကပါ” ဆိုသည့် avatar ဇာတ်ဝင်ခန်းတစ်ခုမှ သတ္တုတွင်း အလုပ်အမှုဆောင်အရာရှိချုပ်၏ စကားကို ကြားယောင်နေမိသည်။

သယံဇာတ ကျိန်စာမိခဲ့သည်ရှိသော်နစ်နာသူများတွင် ဘယ်သူတွေပါဝင်နေပါသနည်း။ ကမ္ဘာ၏လက်ရှိ လောင်စာသုံးစွဲမှုအလေ့မှသည် စီးပွားရေးအရသာမက ပညာရေး ကျန်းမာရေး လူမှုရေး ယဉ်ကျေးမှု နိုင်ငံရေးတည်ငြိမ်မှု သဘာဝပတ်ဝန်းကျင်တည်တံ့မှု အစရှိသည်ဖြင့် များပြားလှသောအစွန်းထွက်လာသော နစ်နာမှုများကို မည်သို့သောတန်ဖိုးဖြတ်မှုစနစ်ဖြင့် တိုင်းတာရပါမည်နည်း။ မိသောကျိန်စာကို ဖြေရန် မည်သူများကအဓိကကျပါသနည်း။ သိသလိုလိုနှင့် ဝေဝါးနေဆဲသော အဖြေများကို မှန်းဆရင်း အိပ်ပျော်အောင်ကြိုးစားရတော့မည် ည ပင်ဖြစ်ပါတော့သည်။ အိပ်မက်ခဲ့လျှင်တော့ အဖြေသစ်တစ်ခု ရလိုရငြား ပင်ဒိုရာ ဂြိုလ်ကို တစ်ခေါက်လောက်သွားလိုက်ချင်ပါသေးသည်။
wishy-me